စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောရွာရှိ စစ်ကောင်စီကင်းပုန်းနဲ့ အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-youthguerrillacounterrevolution-nz မှ သတင်းထုတ် ပြန်ထားပါတယ်။

ဇွန်လ ၂၄ ရက် နံနက်ပိုင်းက မြင်းမူမြို့နယ် ဂွေးပင်တောရွာရှိ စစ်ကောင်စီကင်းပုန်းနဲ့ အထိုင်နေရာ တွေကို 700 GL ဗုံးသီး ၃ လုံးနဲ့ 600 GL ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်နေစဉ်အတွင်း ဒရုန်းတွေကို ပျူစောထီးတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်း သမ်းပစ်ခတ်ပြီး ဂွေးပင်တောအထိုင်စခန်းမှ ဂျန်ဘာကြောင့် ဒရုန်း ၂ စီး ပျက်ကျခဲ့ရတယ်လို့ သိရ ပါတယ်။

အဲဒီစစ်ဆင်ရေးကို TGYR-YouthGuerrillaCounterRevolution-NZ ပြောက်ကျားတပ်ဖွဲ့မှ TGYR-Drone Teams ၊ မြင်းမူမြို့နယ် ပကဖ (Black Eagle) ၊ ဧရာမြွေပွေးတပ်ဖွဲ့နှင့် ငါန်းဇွန်မြို့နယ် ပကဖ တိုက်နယ် ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-TGYR-youthguerrillacounterrevolution-nz
0 Shares:
You May Also Like
Read More

တိုက်ပွဲ ၃ လကျော် ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့တွင်းအခြေအနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁၂ ရက်နေ့က အထက ၂၊ ရုံးကြီးတစ်ဝိုက်နဲ့ စကစ ၂၁ အတွင်းပိုင်းတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့တယ်လို့ Banmaw Scout Team ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ရန်ကုန်မြို့ စည်ကားတဲ့ တစ်နေရာမှာ ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေးစကားများ ဘလူးတုဘောက်စ်နဲ့ မျှဝေ (ရုပ်/သံ)

ရန်ကုန်မြို့ စည်းကားတဲ့ တစ်နေရာတစ်ခုမှာ စစ်အာဏာသိမ်း ၄ ပြည့်အဖြစ် ပြည်သူလူထုအား စစ်အာဏာရှင်ဆန့်ကျင်ရေး စကားတွေကို ဘလူးတုဘောက်စ်နဲ့ မျှဝေခဲ့တယ်လို့ General Strike Committee ထံက သိရပါတယ်။
Read More

ထားဝယ်တွင် တိုက်ပွဲဖြစ်ကာ စစ်ကားတစ်စီး ပျက်စီးပြီး စစ်သား ၂၀ ဦးထက်မနည်း သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၂ နာရီကြာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးကို ဓားကိုင်လူတစ်စု ဝိုင်းဝန်းလုယက် (ရုပ်/သံ)

မန္တလေးမြို့မှာ အမျိုးသမီး ၁ ယောက် စီးနင်းလာတဲ့ ဆိုင်ကယ်ကို ဓားရှည်ကိုင်ဆောင်ထားတဲ့ အမျိုးသားလူတစ်စုက ဝိုင်းဝန်းလုယက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ 
Read More

ခမရ ၄၀၅ တပ်ရင်းမှူး စိုင်းသူရဌေးမှာ ဒဏ်ရာရတပ်သားတွေကို ထားခဲ့ကြောင်း ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းများ ထွက်ဆို (ရုပ်/သံ)

''ကျွန်တော်တို့ သိတောင် မသိလိုက်ဘူး။ ဆေးခန်းထဲမှာ ဆေးကုနေတာ။ သူကို (စိုင်းသူရဌေး)တွေ့ရင် သတ်ပစ် ချင်တယ်။ ခေါင်းဆောင်ကောင်း မပီသလို့''လို့ ဖမ်းဆီးခံ စစ်သုံ့ပန်းတွေက ဆိုပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၉ ရဲ့ နောက်ချန်ရဲဘော်တွေ တစ်နေ့တာလှုပ်ရှားမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၉ စစ်ကြောင်းဖြစ်တဲ့ Idiots Column တပ်ဖွဲ့ရဲ့ နောက်ချန် ရဲဘော်တွေ တစ်နေ့တာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြန် ဖော်ပြလိုက်ပါတယ်။