ဖယ်ခုံမြို့ကိုရရင် အိမ်သာပါမချန် မီးရှို့သွားမယ်လို့ ခြိမ်းခြောက်​ကြွေးကြော်ထားတဲ့ PNA ပြည်သူ့စစ် တပ်ခွဲမှူး နောင့်စိုင်းဆိုသူဟာ တိုက်ပွဲအတွင်း ဒရုန်းဗုံးထိပြီး သေဆုံးသွားကြောင်း ဖယ်ခုံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အရှေ့ခြမ်းက ဆောင်နန်းခဲရွာမှာ စစ်ကောင်စီနဲ့ PNO/ PNA ပြည်သူ့စစ်အဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားနေချိန် ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း PNA တပ်ခွဲမှူး နောင့်စိုင်း ဆိုသူ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ PNA တပ်ခွဲမှူးဟာ ဖယ်ခုံမြို့ကိုမီးရှို့ပစ်မယ့်အကြောင်း ကြွေးကြော်ထားခဲ့သလို ရှမ်းတောင် ဒေသက ဘုရားတောင်၊ ရေပူနဲ့ ဆောင်းနန်းခဲ ကျေးရွာတွေကို မီးရှို့ရာမှာ အဓိက တာဝန်ရှိသူဖြစ်တယ်လို့လည်း ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပုံစာ – သေဆုံးသွားသည့် PNA တပ်ခွဲမှူး နောင့်စိုင်း

“သူက အာကျယ်အာကျယ်နဲ့ အာဏာပြတက်တယ်။ အခြားလူမျိုးမှမဟုတ်ဘူး။ ပအို့ဝ်လူမျိုးအချင်းချင်းကြားလည်းဒုက္ခပေးတယ်။ တော်လှန်ရေးနဲ့ပက်သက်ပြီး ​ပြောလို့မရတဲ့ကိစ္စတော်တော်များများကို သူလုပ်ထားတယ်။ အမြတ်ထုတ်စားနေတဲ့လူပေါ့။ သူအဖေကလည်း PNO ပဲ။ အဲ့တာ ၂၀၂၂တော်လှန်ရေးအစ PDF တွေတူမီးပဲကိုင်ရသေးတယ်။ တိုက်ပွဲမှာသေသွားတယ်။ အဲ့တော့ သူ့”သူက အာကျယ်အာကျယ်နဲ့ အာဏာပြတက်တယ်။ အခြားလူမျိုးမှမဟုတ်ဘူး။ ပအို့ဝ်လူမျိုးအချင်းချင်းကြားလည်းဒုက္ခပေးတယ်။ တော်လှန်ရေးနဲ့ပက်သက်ပြီး ​ပြောလို့မရတဲ့ကိစ္စတော်တော်များများကို သူလုပ်ထားတယ်။ အမြတ်ထုတ်စားနေတဲ့လူပေါ့။ သူအဖေကလည်း PNO ပဲ။ အဲ့တာ ၂၀၂၂တော်လှန်ရေးအစ PDF တွေတူမီးပဲကိုင်ရသေးတယ်။ တိုက်ပွဲမှာသေသွားတယ်။ အဲ့တော့ သူ့အဖေအတွက် လက်စားချေမယ်ဆိုပြီး ဖယ်ခုံကိုသိမ်းပြီးသွားရင်အိမ်သာပါမချန် မီးရှို့မယ်လို့ကြုံးဝါးထားတဲ့သူပေါ့။”လို့ ဖယ်ခုံဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။အဖေအတွက် လက်စားချေမယ်ဆိုပြီး ဖယ်ခုံကိုသိမ်းပြီးသွားရင်အိမ်သာပါမချန် မီးရှို့မယ်လို့ကြုံးဝါးထားတဲ့သူပေါ့။”လို့ ဖယ်ခုံဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

PNA တပ်ခွဲမှူးဟာ ဆောင်နန်းခဲရွာတိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်းကိုလည်း ရှမ်းတောင်စစ်ဒေသ ၊ ဗျူဟာ ၁၄ ကလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။
ဇွန်လ အစပိုင်းကစလို့ ရှမ်းတောင်-ကရင်နီနယ်စပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ ​PNO/PNA ပြည်သူ့စစ်အဖွဲ့တွေက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်ပါတယ်။

ဖယ်ခုံမြို့အရှေ့ခြမ်း၊ ဆောင်နန်းခဲကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီနဲ့ PNO/PNA ပြည်သူ့စစ်တွေက အရပ်သားနေအိမ်တွေကို မီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်းခိုးယူတာတွေအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတာလို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ဦး သေဆုံး၊ (၄) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းတိုက်နယ်တွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက်စစ်သားများ သေဆုံး၊ အရှင်ဖမ်းခံရပြီး စစ်ကြောင်းပြန်ဆုတ်ရ၊ တော်လှန်ရေးတပ်များ လက်နက်ခဲယမ်း သိမ်းဆည်းရရှိသည့်အပြင် ထိခိုက်ကျဆုံးမှုများလည်း ရှိ

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

ကျဆုံးရဲဘော်များကို ရည်စူးပြီး ပြုလုပ်သည့် ရေနံချောင်း PDF ၏ ဝါတွင်းကာလ ကောင်းမှုကုသိုလ် (ဓာတ်ပုံသတင်း)

၁၃၈၇ခုနှစ် ဝါတွင်းအခါသမယမှာ နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး ဘုရားအမှူးရှိတဲ့ သံဃာတော်အရှင်သူမြတ်တို့ကို ဝါဆိုသင်္ဃန်းအစရှိတဲ့ ဆွမ်းခဲဖွယ်ဝတ္ထုတို့ ဆက်ကပ်လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တယ်လို့ ရေနံချောင်း PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တပ်ပျက် စစ်ကြောင်း ကျန်ရစ်ခဲ့သည့် အလောင်းများကို စစ်တပ် လာမကောက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ရှာဖွေသင်္ဂြိုဟ်ပေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်အစပ်က အကြမ်းဖက်စစ်တပ် စစ်ကြောင်းလိုက်ပြုတ်ခဲ့တဲ့ တိုက်ပွဲမှာ ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို စစ်တပ်က လာမကောက်တာကြောင့် တော်လှန်ရေးတပ်တွေကပဲ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

SNLD ၃၆ နှစ်ပြည့်အတွက် NUG နိုင်ငံခြားရေးဝန်ကြီး သဝဏ်လွှာပေးပို့

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၃၆ နှစ်မြောက် အထိမ်းအမှတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုတောင်းမေတ္တာ ပို့သတဲ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။