မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ညောင်းကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ Aung San’s Land Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၆ ရက်က ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဂိတ်မှာ စစ်ကောင်စီတပ်သား ၄ ယောက်၊ ရဲ ၁ ယောက်နဲ့ ပျူ‌စောထီး ၁ ယောက် စုစုပေါင်း ၆ ယောက်ရှိပြီး တိုက်ခိုက်နေချိန်မှာ ရဲနဲ့ ပျူစောထီးဟာ လက်နက်ယူဆောင်ပြီး ထွက်ပြေးသွားတယ် လို့ သိရပါတယ်။

တိုက်ခိုက်ချိန် ၃ မိနစ်သာ ကြာမြင့်ခဲ့ပြီး MA-1 သေနတ် ၃ လက်၊ 5.56 ကျည် ၆၄ တောင့်၊ ခရီးသွား ပြည်သူတွေထံက အဓမ္မကောက်ခံထားတဲ့ ငွေကြေး တစ်သိန်းရှစ်သောင်းငါးရာကျပ်နဲ့ ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video-Aung San’s Land Natmauk

0 Shares:
You May Also Like
Read More

နတ်မောက်မြို့တွင် ဆည်ကျိုးပေါက်ပြီး မိသားစု ၇ ဦး ရေထဲမျောပါကာ ၆ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အောင်ပန်းကျွန်းဆည်ကျိုးပေါက်မှု ကြောင့် မိသားစု ၇ ယောက် ရေထဲမျောပါသွားကာ ၆ ယောက်သေဆုံးခဲ့တယ်လို့ နတ်မောက်ဒေသခံ တွေထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဒီဇင်ဘာ ၂၅ ရက် မနေ့က ညနေပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။
Read More

KNDF B08 Batch 1 မွမ်းမံနှင့် တပ်သားသစ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

Karenni Nationalities Defense Force (KNDF) BO8 မွမ်းမံနဲ့ တပ်သားသစ်သင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ နေအိမ် ၆ လုံးမီးလောင်ပျက်စီးပြီး ဘုန်းကြီး ၁ ပါးဒဏ်ရာရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာနဲ့ ဂူကြီးကျေးရွာကို ဖေဖော်ဝါရီ ၂၈ ရက် တစ်ရက်တည်းမှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စက်ချို့ယွင်းနေသည့် စစ်ကောင်စီ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များ မီးရှို့ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စက်ချို့ယွင်းနေတဲ့ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့ရှင်းလင်းခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။