ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅)မိုင်မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

(၁၀၂၇) စစ်ဆင်ရေးအပြီး ညီနောင်မဟာမိတ် (၃) ဖွဲ့ စတင်အုပ်ချုပ်ချိန်ကစလို့ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို ဇွန်လ (၂၆) ရက် မနေ့က လူမြင်ကွင်းရှေ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ (ဆပ်ပြာခွက်) (၁၂) ခွက်၊ အထုပ် (၂) ထုပ်၊ အချိုရည်ပိုက်အတွင်းရှိ ဘိန်းဖြူ (၂၂၃) ခု၊ Happy Water (၅၆) ထုပ်၊ ယာမစိတ်ကြွဆေးပြား (၁၂၆၆၀) ပြားနဲ့ ဘိန်းမည်း (၁) ထုပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ ဇွန်လ (၂၆) ရက် မနေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အနုပညာကြေး လုံးဝမယူခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဒေါ်လာ တစ်သိန်းနီးပါး ရန်ပုံငွေရခဲ့တဲ့ လန်ဒန်က တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲ

လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu In London နွေဦးတော်လှန်ရေး တစ်ကိုယ်တော် ဂီတရန်ပုံငွေ ဖျော်ဖြေပွဲကနေ ရန်ပုံငွေဒေါ်လာ တစ်သိန်းခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မိတ္ထီလာမှာ သားအမိ ၂ ယောက် နေအိမ်အတွင်း အသတ်ခံရ၊ ကျူးလွန်သူ ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီး

မန္တလေးတိုင်းက အကြမ်းဖက်စစ်တပ်စိုးမိုးထားတဲ့ မိတ္ထီလာမြို့ပေါ်က နေအိမ်တစ်အိမ်မှာ သားအမိနှစ်ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အို ၃ ဦး အအေးမိ သေဆုံး

မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အို ၃ ယောက် ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ယောကာကွယ်ရေးတပ်က ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စိုးမိုးနယ်မြေအတွင်း ချောင်းကူးလမ်းလွှဲတံတား ဆောက်လုပ်ပေးခဲ့

ယောဒေသ မြောက်ပိုင်းရှိ ကျေးရွာ (၁၀) ရွာခန့်က ပြည်သူတွေ အဓိကထား အသုံးပြုနေရတဲ့ ချောင်းကူးတံတားမှာ ထက်ပိုင်းကျိုးလုနီးပါး ဖြစ်နေပြီး ယာဥ်တွေ ဖြတ်သန်းမောင်းနှင်ရာမှာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် အခွန်ဂိတ်တွေက ရရှိတဲ့ ဘဏ္ဍာငွေတွေထဲက ဒေသဖွံဖြိုးရေးအတွက် အချိုးကျ အသုံးပြုကာ လမ်းလွှဲတံတား တည်ဆောက်ခဲ့တယ်လို့ ယောဒေသ အခြေစိုက် ယောကာကွယ်ရေးတပ် - YDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းတွင်း တော်လှန်ရေးတပ်များ စိုးမိုးရာနေရာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေ

မန္တလေးတိုင်းအတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူများအား အရေးယူမည်ဟု မုံရွာနယ်ခံကာကွယ်ရေးတပ်များ အသိပေး

မကြာမီကျင်းပပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ  မုံရွာနယ်က ဝင်ရောက်အရွေးခံမယ့် စစ်ကောင်စီထောက်တိုင်များကို အရေးယူသွားမယ်လို့ မုံရွာနယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းကို ပြောပါတယ်။