ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ယောက်ကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်ကာ ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသက် ၃၀ ကျော်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသားကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်ပြီး နေအိမ်တစ်လုံးရဲ့ ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

“သေသွားတဲ့သူက ကိုသန်းဇော်ဝင်း (အသက် ၃၅ နှစ်) ပါ။ ညနေ ၃ နာရီလောက်မှာ ရွာကို ဝင်စီးပြီး ရိုက်သတ်သွားတာ။ ပြီးတော့လက်နောက်ပြန် ကြိုးနဲ့တုတ်ရင်း ဗုံးခိုကျင်းထဲပစ်ထားခဲ့ကြတာပါ။ အဲ့ဒါကို ၂၅ ရက်နေ့မှ တွေ့တာပါ” လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ မင်းလှမြို့နယ်အတွင်းက တောင်ပြတ်ရွာသစ်၊ ရွေးကုန်း၊ ဦးတိုကျွဲလမ်းစု၊ ဗိုလ်တထောင်၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်ရွာ၊ ငလှစမ်း၊ စမ်းဘုတ်၊ ခွက်မ၊ ကျွဲမကိုင်းစတဲ့ ကျေးရွာပေါင်း ၁၁ ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ရန်ကုန်-ပြည်လမ်း အရှေ့ဘက်ခြမ်းက ကျွဲမကိုင်းနဲ့ ရွေးကုန်းရွာတွေက ဘုန်းကြီးကျောင်းတွေမှာ အင်အား ၅၀၀ နီးပါးနဲ့ တပ်ဖြန့်ထားကာ လက်ရှိမှာတော့ ပြန်ဆုတ်နေသလို ဘန့်ဘွေးကုန်းရွာဘက်ကိုလည်း အင်အား ၂၀၀ နီးပါးနဲ့ ရောက်ရှိသွားကြပြီလို့ သိရပါတယ်။

ရက်အတန်ကြာဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကြောင့် မင်းလှမြို့နယ်အတွင်းက ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံတွေဟာဟာ မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ပြည်သူတွေ အနွေးအင်္ကျီတွေအပါ အဝတ်အထည်တွေ လှူဒါန်းထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကျေးရွာများရှိ နေအိမ်များကိုစစ်ကောင်စီနှင့် PNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ - ညောင်ရွှေနယ်စပ် ဖယ်ခုံမြို့နယ်မှာ အကြမ်း ဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်က သူ့စစ်တပ်ကို အမွှန်းတင်၊ ဒီချုပ်အစိုးရကာလကို အပြစ်တင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိမတည် အခွင့်အရေးသမားတွေအဖြစ် စွပ်စွဲ

ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကျွန်ဇာတ်သွင်းတဲ့ သန်းခေါင်စာရင်းကောက်ယူမှုအတွက် အိမ်တွင်းသပိတ်ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ ထွက်ပေါက်တစ်ခုဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲ သွားရာလမ်းကြောင်းဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ကန့်ကွက်ကြောင်းနဲ့ ဒီလို စစ်ကျွန်ဇာတ်သွင်းနေမှုကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့နေ တော်လှန်ပြည်သူတွေက အိမ်တွင်းသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
Read More

စစ်ကိုင်းက ကြွယ်ပုံ ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF LOCAL PDF က ထုတ်ပြန်ထားပါတယ်။