တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျုစောထီးစခန်းတစ်ခုကို KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးဌာနဆီက သိရပါတယ်။

ဇွန်လ (၂၇) ရက် မနက် ၅ နာရီခွဲလောက်မှာ ကျောက္ကာရွာရှိ ပျုစောထီးစခန်းကို KNDO ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်မှု ၁၅ မိနစ်ခန့်သာဖြစ်ပွားပြီး ပျုစောထီးတပ်သားတွေ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း ပျုစောထီးတပ်သား ၃ ယောက် သေဆုံးကာ M16A1 ရိုင်ဖယ် (၄) လက်၊ အဆိုပါ သေနတ် ကျည်ဘောက် (၂) ခု၊ AK-47 ရိုင်ဖယ် (၁) လက်၊ အဆိုပါကျည်ဘောက် (၄) ခု၊ (၅.၅၆) ကျည် (၁ဝဝဝ) တောင့်၊ (၇.၆၂) ကျည် (၁၃၈) တောင့်၊ လက်ပစ်ဗုံး (၂) လုံး နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဖြစ်ဖြစ်ချင်းမှာပဲ မခုခံဘဲ အကုန်ထွက်ပြေးတာပါ၊ အနည်းငယ်ပဲ ပြန်ပစ်ခတ်နိုင်တယ်၊ ဖြစ်ဖြစ်ချင်း သူတို့လူ ၃ ယောက်ချက်ချင်း ကျတာဆိုတော့လေ” လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော် အာနိုးက မောင်းကို ပြောပါတယ်။

အခုရက်ပိုင်း ကျောက္ကာရွာနားတစ်ဝိုက်ရှိ ပင်လယ်ပြင်ထဲမှာ စစ်သင်္ဘောတွေရှိတဲ့အတွက် ပစ်ခတ်မှုပြုလုပ်ဖို့ ခက်ခဲခဲ့ပြီး ဒီနေ့မှာတော့ အဆိုပါ စစ်သင်္ဘော မရှိတော့တဲ့အတွက် အခွင့်ကောင်းယူပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ ပင်လယ်ပြင်ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဘက်က လူအင်အားလာရောက်ဖြည့်တင်းပေးတာမျိုးမရှိသလို ကျောက္ကာရွာက ဒေသခံတွေဟာလည်း ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

“ရွာက ပင်လယ်ရွာ ဖြစ်တယ်။ အရင်ကတော့ ပင်လယ်ထဲ စစ်သင်္ဘော ၂ စီး ၃ စီး ရှိနေတတ်တယ်။ ဒီနေ့မှာတော့ ရှိမနေခဲ့ဘူး။ အဓိက အဟန့်အတားက ရေတပ် စစ်သင်္ဘောတွေ ဖြစ်ခဲ့တယ်။ ရေတပ် မရှိချိန် အခွင့်ကောင်းယူနိုင်ခဲ့တယ်လို့ ပြောရမှာပါ” လို့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်အာနိုးက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇) နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျောက္ကာရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းပူးပေါင်းတပ်ဖွဲ့တွေက ၂ ကြိမ်တိတိ သွားရောက်ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက္ကာရွာမှာ ၂၀၂၁ ခုနှစ် စစ်ကောင်စီတပ် အာဏာမသိမ်းခင်ကတည်းက စစ်ကောင်စီတပ်သားတွေ ဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့လည်း ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်နဲ့ ဧရာဝတီအစပ် ကရင်မတောင်ကြောမှာ အကြမ်းဖက်စစ်တပ်နဲ့ AAတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦး သေ

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအကြားမှာရှိပြီး ငသိုင်းချောင်းမြို့ အနောက်ဖက်မှာရှိတဲ့ မိတ်သလင်အကျော် ကရင်မတောင်ကြောပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေနတ်ထိမှန် သေဆုံးသွားကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီက ပြည်သူ ၁ ယောက်ကို ရှင်းလင်းကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ပြီး ဖမ်းဆီးထား

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မင်းလမ်းသံဆိပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရောက်လာကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ကာ ဖမ်းဆီးထားတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
Read More

ကနီ ပအဖ ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ကျုံဒိုးမှာ စစ်ကောင်စီတပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

မုံရွာမှာ လုံခြုံရေးယူနေတဲ့ ရဲနဲ့ စစ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၆ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ ယောက်နဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းရာ ရဲနဲ့ စစ်သား ၆ ယောက်​သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ ( မြို့နယ် ပ.လ.ဖ) က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၆၅) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၆၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။