မကွေးတိုင်းအတွင်း ပခုက္ကူ-ကမ္မ-‌ ရေပြာလမ်းပိုင်းနဲ့ ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ မြိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပခုက္ကူတပ်မ (၁၀၁) ကနေ မေလ ၃၁ ရက်ကတည်းက ထွက်လာတဲ့ ဒုတပ်မမှူး ဦးဆောင်တဲ့ ကားအစီးရေ ၁၂၀ ကျော်ပါ စစ်ကောင်စီ ယဉ်တန်းနဲ့ အင်အား ၁၀၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းတို့ကို တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ပြင်းအားမြင့် မိုင်းတွေနဲ့ တိုက်ခိုက်တာ၊ ပြောက်ကျားခြုံခို တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

နေ့စဥ်ရက်ဆက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး ဇွန်လ ၂၄ ရက်မှာ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ဇွန်လ ၂၅ ရက်မှာ စစ်ကောင်စီတပ်သား ၁ ယောက်က တော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ် အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုးတဲ့တစ်လျှောက် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ အများပြည်သူပိုင် အိုးအိမ်တွေ၊ သာသနာ့အဆောက်အဦးတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ရည်မှန်းချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ ၁၅ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇ ယောက် သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး (၁၁)လုံးနှင့် လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး (၁၁)လုံးနဲ့ လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမှာ ပြည်သူ့ထောက်ပံ့ငွေတွေနဲ့ စစ်ရှောင်စခန်း ‌စက်ရေတွင်းတူးဖေါ်မှု မြို့နယ် ပအဖ သွားရောက်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လူသားစာနာတာဝန်ခံနဲ့ တိုက်နယ်ပအဖခေါင်းဆောင်တို့ဟာ ဒီဇင်ဘာ ၂၃ ရက်က ပြည်သူ့ထောက်ပံ့ငွေတွေနဲ့ စစ်ရှောင်စခန်းတစ်ခုမှာ စက်ရေတွင်း တူးဖော်နေတဲ့နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

နမခတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် စစ်မှုထမ်း‌ တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်း‌ တပ်သားသစ် ၄ ယောက် သေနတ် ၃ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

၂၀၂၄ အတွင်း စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိ အပါအဝင် ၄၇၅ ယောက် အလင်းဝင်ခဲ့တယ်လို့ NUG ပြော

အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။
Read More

ကလေးဝမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၈နှစ်အရွယ် ကလေး၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးခရိုင်ပကဖ တာဝန်ခံက မောင်းကို ပြောပါတယ်။