ရှမ်းပြည်နယ်‌တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်ရှိ ဆောင်နန်းခဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တပ်တွေ သိမ်းပိုက်​ပြီးနောက် တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံးသွားတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တပ်တို့က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ရင်း ဆောင်နန်းခဲ‌ကျေးရွာကို သိမ်းယူရရှိပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

PNA တပ်ခွဲမှူး နောင့်စိုင်း

အဆိုပါ စစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ်ဟာ လွယ်ပေါ‌ ရွာဖက်သို့ ဆက်လက်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇွန်လ ၂၆ ရက် မနေ့က မနက်ပိုင်းမှာ Drone စစ်ဆင်ရေးပြုလုပ်ရာ စုဝေးထိုင်နေတဲ့ PNA စစ်သားတွေရဲ့ အလယ် ဗုံးသီး ကျရောက်ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ PNA တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်း သေဆုံးသွား‌တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။ 

သေဆုံးသွားတဲ့ နောင့်စိုင်းရဲ့ ဖခင်ဖြစ်သူ ဆရာလာ ဆိုသူကလည်း ၂၀၂၂ ခုနစ် ဆောင်နန်းခဲကျေးရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တူမီးသေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

PNA တပ်ခွဲမှူး နောင့်စိုင်း ဖခင် သေဆုံးပြီး PNA တပ်ဖွဲ့၀င် ဖြစ်လာရာက တပ်ဖွဲ့၀င် အချင်းချင်း ဗိုလ်ကြီးအဆင့်ခန့်အပ်ခံရပြီး သစ် အရောင်းအ၀ယ် ၊ မူးယစ်ဆေးဝါးရောင်း၀ယ်ခြင်းနဲ့ ဒေသတွင်း မူးယစ်ဆေးဝါးရောင်း၀ယ်သူ သုံးစွဲသူတွေကို ထောင်ခြောက်ဆင်ဖမ်းဆီးကာ ငွေဒဏ်ရိုက် အပြစ်ပေးပြီး ကြီးပွားချမ်းသာလာသူ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၂ ခုနှစ် ဆောင်နန်းခဲရွာအနီး တိုက်ပွဲအတွင်း တူမီးသေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့သည့် နောင့်စိုင်း၏ ဖခင်ဖြစ်သူ
0 Shares:
You May Also Like
Read More

ငလျင်ဘေးအတွက် ပြည်တွင်း ပြည်ပကုမ္ပဏီများမှ ရရှိထား‌သော လှူဒါန်းငွေ ကန်ဒေါ်လာ ၅၅ သန်းကျော်ကို စစ်အသုံးစရိတ် ဖြစ်မသွားစေရန် JFM သတိပေး

မြန်မာစစ်တပ်က ငလျင်ဘေးအတွက် လှူဒါန်းငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈ သန်းရရှိထားတာကြောင့်၊ အဆိုပါ‌ငွေကြေးများကို လူထုအပေါ် ကျူးလွန်နေတဲ့ စစ်အသုံးစရိတ် မဖြစ်သွားစေဖို့ Justice for Myanmar (JFM) အဖွဲ့က သတိပေးလိုက်ပါတယ်။
Read More

ကျောင်းသားတပ်မတော် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့်အဖွဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် တွေ့ဆုံ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) - ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် လဆိုင်းနဲ့ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်လှဌေး တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တွေ့ဆုံခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို ကာကွယ်နေမည့်အစား လက်နက်ချအလင်းဝင်ကြရန် KNLA သတိပေးတိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နေမယ့်အစား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ထံ အလင်းဝင်ကြဖို့ KNLA ဌာနချုပ်က သတိပေးတိုက်တွန်းလိုက်ပါတယ်။
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဂျပန် ဖိုက်တာ တာခဲရူကို မြန်မာလက်ဝှေ့ကျော် သန့်ဇင် ရှုံးနိမ့်

ONE Friday Fights - 81 ၏ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်တွင် ဂျပန်ကစားသမား တာခဲရူကမြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ စစ်သား ၂ ဦး KNU တပ်မဟာ (၄) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ တပ်ရင်း (၂၈၀) ကနေ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) က မနေ့က ထုတ်ပြန်ပါတယ်။