မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ လက်နက်ကြီးတွေပစ်ခတ်ရင်း စစ်ကြောင်းညှပ်ထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းက စေတုတ္တရာမြို့အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ ငမ၊ သံဆည်နဲ့ ကြီးအုံရွာတွေဘက်ဆီ စလင်းလမ်းပိုင်းကတဆင့် ငမရွာလမ်းခွဲအတိုင်း အင်အား ၇၀ လောက်နဲ့ တက်လာသလို တစ်ဖက်မှာလည်း မုန်းချောင်းတစ်ဖက်ကမ်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်း၂ ခု ညှပ်ထိုးတာပါ။ ငမလမ်းခွဲ ထိပ်ကနေ လက်နက်ကြီးပစ်ကူနဲ့ ထောက်ပြီး တက်လာသလို ကြီးအုံရွာ တစ်ဘက်ကမ်း ကြီးဝရွာ ရဲစခန်းဘက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ပါတယ်။ သံဆည်တို့ ငမ၊ ကြီးအုံ ရွာတွေက ကျနော်တို့ စိုးမိုးထားတာ။ အဲ့ဒါ သူတို့က စစ်ကြောင်း၂ ခု ညှပ်ထိုးပြီး လက်နက်ကြီးတွေထောက်တော့ နာရီဝက် ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တယ်။ အဲ့နောက်တော့ ခဲယမ်းလိုအပ်ချက်တွေကြောင့်ရော ပြည်သူတွေထိမှာစိုးလို့ပါ ပြန်ဆုတ်ခဲ့ပါတယ်” လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စေတုတ္တရာအခြေစိုက် ကပစ ၂၀ က စစ်ကောင်စီတပ်တွေအပြင် ရဲနဲ့ ပျူစောထီးတွေပါတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ လက်နက်ကြီး ၈၁ နဲ့ ၆၀ မမတွေ ၄ နာရီကြာ အချက်ရေ ၃၀ ကျော်အထိ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားနေအိမ် ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။

“တိုက်ပွဲက နာရီဝက်ကြာတယ်။ စခဘက်အထိအခိုက်ရှိပေမယ့် အတည်မပြုနိုင်သေးပါဘူး။ အရပ်သားတွေဖမ်းခံရတာတော့ ၄ယောက်ရှိတယ်။ နောက်ပြီး အရပ်သားရော ရဲဘော်တွေရော ဒဏ်ရာရတဲ့သူတွေရှိပေမယ့် မစိုးရိမ်ရပါဘူး။ ဒီကောင်တွေကို ခုခံခဲ့တာ ကျနော်တို့ စေတုတ္တရာပကဖရယ် မြိုင်ပကဖရယ်ပါ။”လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို ထောက်ခံတဲ့ သတင်းတွေမှာလည်း စစ်ကောင်စီက စစ်ကြောင်း၂ခုခွဲကာ စေတုတ္တရာမြို့နယ်အတွင်းက သံဆည်၊ ကြီးအုံ၊ မကြီးစုနဲ့ ငါးမကျေးရွာတွေဆီ လက်နက်ကြီးပစ်ခတ် စစ်ကြောင်းဝင်ရောက်ခဲ့ကြောင်း ဖော်ပြရေးသားနေကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကလေး အကျဉ်းထောင် လက်ထောက် ကြီးကြပ်ရေးမှူးလာဘ်ယူခြင်း၊ ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်နေဟု ဆို

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်ရှိ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ အကျဥ်းသားတွေဆီက လာဘ်ယူတာ၊ ခေါင်းပုံဖြတ်တာတွေ လုပ်နေတယ်လို့ Political Prisoners Network - Myanmar က သိရပါတယ်။
Read More

ရေဦးမြို့ပေါ် ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ဦးကို စစ်အုပ်စု ဖမ်းဆီးထား၊ ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေဦး အနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ဒေါ်ဆောင်ဆန်းစုကြည် နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပေမယ့် နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသခွင့် စစ်တပ် ငြင်းပယ်

အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီး အကျဥ်းချထားတဲ့ အသက် (၈၀) အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး…

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားရာ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် ဧည့်စာရင်းစစ်တာ အကြောင်းပြပြီး လူငယ်များကို အိမ်ပေါ်တက် ဖမ်းဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ရပ်ကွက်တွေမှာ စစ်ကော်မရှင်က ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရွှေဘိုမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာတင်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အသင့်စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။