ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ယောက် ဖမ်းဆီးမိပြီး ၇ ယောက်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ် လို့ ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၂၆ ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ယောက် ဖမ်းဆီးမိခဲ့ပြီး ၇ ယောက်သေဆုံးခဲ့တယ်လို့ သိရပါ တယ်။

စစ်ကောင်စီတပ်သားတွေထံက လက်နက်မျိုးစုံ ၂၈ လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို ဂျနီဗာကွန်ဗန်းရှင်နဲ့အညီ စနစ်တကျထိန်းသိမ်းထားတယ်လို့ ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 က ထုတ်ပြန်ထားပါတယ်။

Video – ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702

0 Shares:
You May Also Like
Read More

မြစ်ကြီးနားမြို့ ရွှေဆိုင် သေနတ်ပြ ခြိမ်းခြောက် ဓားပြတိုက်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ‌ရွှေဆန်းလီရွှေဆိုင်ကို သေနတ်ကိုင်ဆောင်သူ ၃ ယောက်က ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ 
Read More

ဗမာ့တပ်တော် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ် (ရုပ်/သံ)

ဇန်နဝါရီ ၁ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဗမာ့တပ်တော် (B.A) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော် - Bamar Army က ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံး (ရုပ်/သံ)

ပဲခူးတိုင်း မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမမှ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားပြီး စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ သင့်မဲနှင့် လူသတ်ခွင့်မပေးနှင့်

ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ သင့်မဲနှင့် လူသတ်ခွင့်မပေးနှင့်
Read More

ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့ရှောင်လမ်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် သီတာလမ်းနဲ့ မြို့ရှောင်လမ်းအနီးမှာ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၅ ယောက်ကို ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီဝန်းကျင်မှာ PDF ရဲဘော်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေသွားခဲ့တယ်လို့ Shwe Nyar Myae People Defense Force ထံက သိရပါတယ်။