စစ်အုပ်စုရဲ့ ၂၀၂၁ အကြမ်းဖက်အာဏာသိမ်းအပြီး မြန်မာနိုင်ငံအတွင်း ပြည်သူ ၆,၈၀၀ ကျော် အသတ်ခံခဲ့ရပြီး ၂၂,၀၀၀ ကျော် အကျဉ်းချခံနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဇွန်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ တခဲနက် တုန့်ပြန်ခုခံမှုတွေကြောင့် စစ်ကောင်စီဟာ နယ်မြေတွေ တစ်စတစ်စဆုံးရှုံးပြီး အရေးနိမ့်လာပေမယ့် “ပြည်ပကနေ သူတို့ကို ထောက်ပံ့ပေးနေတဲ့ ငွေကြေးအရင်းအမြစ်တွေနဲ့ လက်နက်တွေ ဆက်လက်ရှိနေသေးပြီး အဲဒီလို အရင်းအမြစ်တွေ ဆက်လက်စီးဆင်းနေသ၍ အပျက်အစီးတွေ သိသိသာသာ ဆက်ဖြစ်နေမှာပဲ၊ စစ်ကောင်စီအနေနဲ့ သူတို့ အာဏာတည်မြဲရေးအတွက် တိုင်းပြည်နဲ့ပြည်သူကို ဆက်ပြီး ဖျက်ဆီးဖို့လည်း တုံ့ဆိုင်းနေမှာမဟုတ်ဘူး”လို့ တွမ်အန်ဒရူးစ်က ဆက်ပြောခဲ့ပါတယ်။

မတ်လ ၂၈ ရက်က မြန်မာပြည်မှာ အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် စစ်ကောင်စီဟာ ငလျင်အကူအညီတွေနဲ့ပတ်သက်ပြီး တခြား လူသားချင်းစာနာမှုအကူအညီတွေတုန်းကလိုပဲ အတိုက်အခံ ထိန်းချုပ်ဒေသတွေဆီ မရောက်အောင် ပိတ်ဆို့တာ၊ အလှူရှင်တွေနဲ့ အေဂျင်စီတွေအားလုံးရဲ့ အကူအညီတွေ သူ့လက်ထဲရောက်အောင် အတင်းအကြပ် ကြိုးပမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါသေးတယ်။

တွမ်အန်ဒရူးစ်က ဆက်လက်ပြီး “စစ်ကောင်စီရဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရှုတ်ချပြီး မြန်မာပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ပြသဖို့ လိုအပ်ကြောင်း” ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွန်အန်ဒရူးစ်

ဆက်လက်ပြီး သူက သတင်းကောင်းအဖြစ် “စစ်ကောင်စီထံကို စီးဝင်မယ့် လက်နက် ၃ ပုံ ၁ ပုံကို နိုင်ငံတကာငွေကြေးလမ်းကြောင်းကတဆင့် ဖြတ်တောက်နိုင်ခဲ့လို့ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေ မည်မျှအရေးကြီးကြောင်း” မီးမောင်းထိုး ထောက်ပြပြောဆိုခဲ့ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ ပြောဆိုချက်အရ စင်္ကာပူကနေ မြန်မာပြည်တွင်းကို လက်နက်စီးဆင်းမှု ၉၀ ရာခိုင်နှုန်းထိ ဖြတ်တောက်နိုင်ခဲ့ကြောင်း၊ ထိုင်းဘက်ကလည်း ဘန်ကောက်ဘဏ်ဟာ စစ်ကောင်စီထိန်းချုပ်တဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ အဆက်အသွယ်ဖြတ်လိုက်တာကြောင့် လက်နက်ဝယ်ဖို့ ငွေတွေ ပြတ်တောက်ခဲ့ကြောင်း သူက ထောက်ပြပြောဆိုခဲ့တာပါ။

ဒါဟာ အလွန်ကောင်းတဲ့ တိုးတက်မှုလို့ သူကဆိုလိုက်ပြီး လက်နက်ဖြတ်တောက်ရေးအတွက် ငွေကြေး ကုန်ကျစရာ မလိုဘဲ၊ နိုင်ငံရေး နည်းလမ်းနဲ့ လုပ်ဆောင်နိုင်ခဲ့တာဖြစ်လို့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေက ထိရောက်ကြောင်း အထူးကိုယ်စားလှယ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ “ကမ္ဘာ့လူသားချင်းစာနာမှု ရန်ပုံငွေအကျပ်အတည်းဟာ မြန်မာပြည်အပေါ် ဆိုးကျိုးသက်ရောက်စေကြောင်း၊ အာဏာသိမ်းမှုမတိုင်ခင်က မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၃၀၀,၀၀၀ ရှိခဲ့တယ်၊ အခု ၃.၅ သန်းကျော်သွားပြီ … မြန်မာနိုင်ငံက ဒုက္ခသည် ၁.၅ သန်းနီးပါးဟာ တခြားနိုင်ငံတွေမှာ နေထိုင်နေပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတပုံနီးပါးဟာ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ရင်ဆိုင်နေရပြီး လူပေါင်း ၂၁.၉ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်” လို့ အထူးကိုယ်စားလှယ်က သူရဲ့စိုးရိမ်မှုကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ကိုးကား – Rights expert urges banks to stop financing Myanmar junta weapons trade

0 Shares:
You May Also Like
Read More

မြန်မာအပါအဝင် အာရှဘက်က ရွှေ့ပြောင်းလုပ်သားတွေ လိုချင်ကြောင်း ရုရှား ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ချီလီဖိုက်တာကို အမှတ်နဲ့ ရှုံးနိမ့်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို၊ ဗာတီကန်မှာ ခိုလှုံခွင့်ပေးမယ် လို့ပြော

ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ပြီး၊ သူမကို ဗာတီကန်မှာ ခိုလှုံခွင့်ပေးမှာဖြစ်တယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အာရှက Jesuits များနဲ့ စကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ ရောမမှာ သူ့သားနဲ့ တွေ့ဆုံခွင့်ရဖို့ ကျွန်ုပ်အနေနဲ့ တောင်းဆိုပါတယ်။ ကျွန်ုပ်နယ်မြေ ဗာတီကန်မှာ သူမကိုလက်ခံဖို့ ကမ်းလှမ်းခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
Read More

ထိုင်းမှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်၊ ၁၇ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းဘူးရီးခရိုင်မှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်သွားပြီး လူ (၁၇) ယောက်သေဆုံးကာ အယောက် (၄၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။  
Read More

NUG လူသားစာနာဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်တို့က ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ ၂ ဦးနှင့် တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနဲ့ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင်တို့က ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနမှူး Ms. Mathilde Teruya နဲ့ မြန်မာ၊ ထိုင်း တာဝန်ခံ Mr. Frédéric Inza တို့ကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။