တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်းရာ စစ်သား ၅ ယောက် သေဆုံးပြီး ရွာကို ပြန်လည်ထိန်းချုပ်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားဝယ်ခရိုင်) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၂၆) ရက်‌ မွန်းလွဲပိုင်းက မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်ရင်း (၁၂) လက်အောက်ခံ တပ်ခွဲ (၂) နှင့် တော်လှန် ရေးပူး‌ပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် သေဆုံးပြီး စစ်သုံးပစ္စည်းတစ်ချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ၂ နာရီအကြာမှာတော့ မင်းဒပ်ရွာကို KNLA တပ်ခွဲ (၂) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မင်းဒပ်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ဝင်းဝတပ်စခန်းဆီ ပြန်လည်ဆုတ်ခွာသွားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

KNLA တပ်ခွဲ (၂) က သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီတပ်က စစ်သုံးပစ္စည်းတွေနဲ့ တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်များ (ဓာတ်ပုံ KNU မြိတ်-ထားဝယ်ခရိုင်/ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

တရားမဝင်ကုန်ပစ္စည်းတွေ စစ်ဆေးမည်ဟုဆိုပြီးစစ်ကောင်စီက ကုန်တင်ယာဉ်တွေကို အကြောင်းမဲ့ဖမ်းဆီးနေ

တိုင်းဒေသကြီးနဲ့ပြည်နယ် စုစုပေါင်း ၄ခုကနေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင်ရှိတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ဖမ်းဆီးရမိကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြလာပါတယ်။
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

ရေဘေးသင့် ဒေသတွေကို ကူညီဖို့ အမေရိကန်က ဒေါ်လာသုံးသန်းထပ်မံ ထောက်ပံ့

နိုင်ငံတစ်ဝန်းက ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် အမေရိကန်က ဒေါ်လာသုံးသန်း ထပ်မံ ထောက်ပံ့ကူညီလိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံများ အသုံးပြုသည့် Money Flow လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးအဖြစ် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံတွေ သုံးစွဲဖြန့်ဝေတဲ့ Money Flow လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်‌ ၄ ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နီပြည် ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ကျော်ကို လက်ခံဆောင်ရွက်နိုင်ခဲ့

ကရင်နီပြည်မှာ ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ ကျော်ကို လက်ခံဆောင်ရွ့က်နိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ချင်းအမျိုးသားကောင်စီနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု KNPP အသိပေး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။