ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ယောက်ကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်ကာ ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသက် ၃၀ ကျော်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသားကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်ပြီး နေအိမ်တစ်လုံးရဲ့ ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

“သေသွားတဲ့သူက ကိုသန်းဇော်ဝင်း (အသက် ၃၅ နှစ်) ပါ။ ညနေ ၃ နာရီလောက်မှာ ရွာကို ဝင်စီးပြီး ရိုက်သတ်သွားတာ။ ပြီးတော့လက်နောက်ပြန် ကြိုးနဲ့တုတ်ရင်း ဗုံးခိုကျင်းထဲပစ်ထားခဲ့ကြတာပါ။ အဲ့ဒါကို ၂၅ ရက်နေ့မှ တွေ့တာပါ” လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ မင်းလှမြို့နယ်အတွင်းက တောင်ပြတ်ရွာသစ်၊ ရွေးကုန်း၊ ဦးတိုကျွဲလမ်းစု၊ ဗိုလ်တထောင်၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်ရွာ၊ ငလှစမ်း၊ စမ်းဘုတ်၊ ခွက်မ၊ ကျွဲမကိုင်းစတဲ့ ကျေးရွာပေါင်း ၁၁ ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ရန်ကုန်-ပြည်လမ်း အရှေ့ဘက်ခြမ်းက ကျွဲမကိုင်းနဲ့ ရွေးကုန်းရွာတွေက ဘုန်းကြီးကျောင်းတွေမှာ အင်အား ၅၀၀ နီးပါးနဲ့ တပ်ဖြန့်ထားကာ လက်ရှိမှာတော့ ပြန်ဆုတ်နေသလို ဘန့်ဘွေးကုန်းရွာဘက်ကိုလည်း အင်အား ၂၀၀ နီးပါးနဲ့ ရောက်ရှိသွားကြပြီလို့ သိရပါတယ်။

ရက်အတန်ကြာဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကြောင့် မင်းလှမြို့နယ်အတွင်းက ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံတွေဟာဟာ မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လှတောကျေးရွာ ဓားပြမှုတွင် ကျူးလွန်သူ ၁၁ဦးကို ဖမ်းမိကြောင်း သက်သေခံပစ္စည်းများနှင့်တကွ ဝက်လက် ပကဖ ထုတ်ပြန်၊ တရားစွဲဆိုအရေးယူနိုင်ရေးကို မြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ) လုပ်ဆောင်မည်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်ဓားပြတိုက်မှု ကျူးလွန်ခဲ့သူတွေကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီဖြစ်တာကြောင့် တရားစွဲဆိုနိုင်ရေးအတွက် မြို့နယ်ပလဖထံ လွှဲပြောင်းအပ်နှံထားကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးမြို့နယ်အတွင်းရှိ အများပြည်သူသုံးလမ်း ၁ လမ်းအား ပြင်ဦးလွင်ခရိုင် ပကဖ ပြုပြင်ထိန်းသိမ်းပေးခဲ့… (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင်းရှိ အများပြည်သူသုံးလမ်း ၁ လမ်း ကို အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ဝင်တွေက ​အောက်တိုဘာလအတွင်း ပြုပြင်ထိန်းသိမ်းပေးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပကဖ အဖွဲ့ဝင်​တွေအ​နေနဲ့ အကြမ်းဖက်စစ်တပ် ကို​ ချေမှုန်းတိုက်ခိုက်​နေတာသာမက လူထုအကျိုးပြုလုပ်ငန်းတွေကိုလည်း အဓိက တာဝန်တစ်ရပ်အဖြစ် ထမ်း​ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ငါန်းမြာကြီးစခန်းနှင့် မဂျီရွာက စစ်အုပ်စုတွေကို မြေပြင်ဝေဟင် ပစ်ခတ်တိုက်ခိုက်၊ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သားနှင့်ပျူ ၁၄ ဦး ထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ငါန်းမြာကြီးစခန်းနဲ့ မဂျီရွာက စစ်အု​ပ်စုတွေကို ဒရုန်းနဲ့ရော မြေပြင်ကနေပါ ၂ရက်ဆက် တိုက်ခိုက်ရာ စစ်သားနဲ့ပျူစောထီး အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်စက်ရုံဂိတ်နှင့် ရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာများနှင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံဂိတ်နဲ့ မြို့မရဲစခန်းတို့ကို လက်ပစ်ဗုံး၊ အဝေးပစ်လောင်ချာ M 79 တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA)က ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်…

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင် အလင်းဝင်လာတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။