ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) က ရဲဘော် သော်ဇေယံဟာ ဖားဆောင်းမြို့တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

ဖားဆောင်းမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၂၅ ရက်နေ့မှာ ပြန်လည်စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၂၆ ရက်နေ့မှာတော့ ရဲဘော် သော်ဇေယံဟာ လက်နက်ကြီး ထိမှန် ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ဖားဆောင်းမြိုကို စသိမ်းခဲ့တာက ကြာပြီ။ ဒီတစ်‌ခေါက် ပြန်လုပ်တာက ၂၅ ရက်နေ့ပေါ့။ ရဲဘော်ကတော့ လက်နက်ကြီးနဲ့ ကျတာပါဗျ။ ဦးခေါင်းနဲ့ တခြားနေရာတွေ ထိသွားတယ်” လို့ KPLA တပ်ရင်း ၆၂၆ တပ်ရေးအရာရှိ တာဝန်ခံ ရဲဘော်တေဇက မောင်းကို ပြောပါတယ်။

ဖားဆောင်းမြို့တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ  အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြည်သူ့အတွက် ရဲဝံ့စွာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော် သော်ဇေယံကို အလေးနီပြုကြောင်းလည်း အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“သဂြိုဟ်ပေးမှုက လုပ်ပေးဖို့ ပြင်ဆင်နေဆဲပါ။ သူ့မိဘကလည်း အဝေးမှာဆိုတော့ သူ့မိဘတောင် မတက်ရောက်နိုင်တဲ့ အခြေအနေတော့ ရှိပေမယ့် ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ သေချာစီစဥ်ပေးမှာ ဖြစ်ပါတယ်” လို့ တပ်ရေးအရာရှိ တာဝန်ခံ ရဲဘော်တေဇက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေ့တွေမှာလည်း အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေသလို ဖားဆောင်းမြို့ထဲမှာလည်း စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ အထိုင်ချတပ်စွဲထားတာကြောင့် မြို့ခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် သော်ဇေယံ
ကျဆုံးရဲဘော် သော်ဇေယံ
ကျဆုံးရဲဘော် သော်ဇေယံ
0 Shares:
You May Also Like
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၂) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁) ယောက် မိသားစုနဲ့အတူ အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလောမှာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးရန် သတင်းလိုက်ပေးသည့် အုပ်ချုပ်ရေးမှူးသားအဖ ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဖို့ စစ်တပ်ကို သတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်ကောင်စီက နေအိမ်ပေါ်အထိတက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေ

"အခုလိုတွေဖြစ်လာမှာမလို့ ငုံမခံဘဲ တုန့်ပြန်ကြဖို့နဲ့ အချိန်မှီ တလရ အဖွဲ့တွေဆီ ပူးပေါင်းကြဖို့ အကြိမ်ကြိမ် အသိပေးခဲ့ပေမယ့်လည်း ရေပေါ်ဆီဘဝနဲ့ နေသာသလိုနေခဲ့ကြတဲ့ အကျိုးဆက်တွေသာ ဖြစ်ပါလိမ့်မယ်။ အခုဆို မတရားမှုဟာ တံခါးလာခေါက်တာတင် မဟုတ်တော့ပါဘူး အိမ်ပေါ်ကဆွဲချတဲ့အထိဖြစ်နေပြီ။ ရေပေါ်ဆီလူငယ်တွေအတွက် အာဏားရူး မင်းအောင်လှိုင် ပို့ပေးတဲ့ ရှေ့တန်းသေလမ်းမှတပါး ရွေးစရာမရှိတော့ဘူး။" လို့ Voice Of Wundwin အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။