မကွေးတိုင်း၊ ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲရဲ့ တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

အင်အား ၁၅၀ ကျော်ပါရှိတဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လ ၈ရက်နေ့မှာ ရိက္ခာပို့ယာဥ်တန်းနဲ့အတူ ပခုက္ကူမြို့ကနေ ပေါက်မြို့ဘက်ကို လာစဥ် လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို ဖောက်ထွင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇွန်လ ၁၄ရက်မှာ အဆိုပါ စစ်ကောင်စီတပ်သားတွေက ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲရဲ့ တပ်စခန်းကို ဝင်ရောက်မီးရှို့ခဲ့လို့ ရိက္ခာတွေနဲ့ မိုင်းထုတ်လုပ်ရေးပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“ရွာကိုဝင်ပြီး ချက်ချင်းကြီး စခန်းကို မီးမရှို့သေးဘူးဗျ။ ရွာပတ်ပတ်လည်ကို ရှာရင်းနဲ့ စခန်းကိုတွေ့ပြီး မီးရှို့သွားတာပါ။ မိုင်းလုပ်တဲ့ပစ္စည်းတွေ တော်တော်များများ ပါမယ်ဗျ။ လုပ်လက်စရော မိုင်းမလုပ်ရသေးတာတွေပါ ပါသွားတယ်ဗျ” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု မီးရှိုးဖျက်ဆီးမှုကြောင့် ငွေကြေးအားဖြင့် သိန်း ၁၀၀ နီးပါး ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီယာဥ်တန်းဟာ ဇွန်လ ၈ရက်နေ့ကတည်းက ကမ္မမြို့ပေါ်ကို ရောက်ရှိနေတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကြိုတင်ရှောင်နိုင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရသူတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ပေါက်မြို့နယ်အစပ် မန်ကျည်းသုံးပင်ရွာနားကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ People’s Democratic Army (PDA))

0 Shares:
You May Also Like
Read More

ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်၏ ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်ရုံးတပ် Union Liberation Front - ULF စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ဌာနချုပ်မှာ ပြုလုပ်သည့် ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၅ ရက် မနေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA Day) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်ဌာနချုပ်) မှာ ကျင်းပခဲ့တဲ့ပုံရိပ်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်တွင် ရွာထဲဝင် တပ်စွဲပြီး နေအိမ်များကို မီးရှို့ဖိုလုပ်သည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ပေးသည့် လူမှုထူးချွန်ဆုများကို ဒိန်းဒေါင် အပါအဝင် သရုပ်ဆောင်၊ ဒါရိုက်တာနှင့် လူရွှင်တော်များ ရရှိ

အကြမ်းဖက်စစ်တပ်​အတွက် ဖျော်ဖြေပေးနေတဲ့ ဟာသသရုပ်ဆောင် ဒိန်း​ဒေါင် အပါအဝင် စစ်အုပ်စုထောက်ခံသူ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို စစ်ကော်မရှင်က အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လူမှုထူးချွန်ဆုတွေ ချီးမြှင့်လိုက်တယ်လို့သိရပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမှာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။