စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာက ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရေရှည်စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတစ်ရွာက ခက်ခဲကျပ်တည်းနေတဲ့ အိမ်ထောင်စု ၁၈၁ စုစာအတွက် အိမ်ထောင်စုတစ်စုကို ဆန် ၈ ပြည်၊ ဆီ ၁ ပိဿာနဲ့ ဆား ၁ ပိဿာစီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ဇွန်လ ၁၇ ရက်ကနေ ၂၀ ရက်အထိ ၃ ရက်တာ ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်အတွက် ဆေးကုသမှုပေးကာ ဆေးဝါးထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကူညီထောက်ပံ့မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ အမှတ် (၁) စစ်ဒေသနဲ့ အညာမြေ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ၊ ANTS – ပုရွက်ဆိတ်များအဖွဲ့ တို့ ပူးပေါင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူ PDF က စစ်ကောင်စီတပ်နဲ့ ၃ လအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်း (ပွင့်ဖြူ PDF) အနေနဲ့ ၃ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

AA ၏တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် တပ်မမှုး ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် စကခ ၁၀ တပ်မမှုးဖြစ်သူ ဗိုလ်မှုးကြီးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
Read More

ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ကုန်အမျိုးအစား၊ အလေးချိန်နှင့် ပို့ဆောင်ရမည့်နေရာများ ကန့်သတ်ခံထားရ

စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါ Delivery service (အမြန်ချောပို့) လုပ်ငန်းတချို့ရဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်အလေးချိန်နဲ့ ကုန်ပို့ရမယ့် နေရာတွေကို ကန့်သတ်လာတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

အမြန်လမ်းပေါ်တွင် PDF များကို အားပေးစကားပြောခဲ့သည့် အမျိုးသားအား ဖမ်းဆီးထားကြောင်း စစ်တပ်လက်ပါးစေများ အောင်ပွဲခံပြောဆိုနေ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန် စကားလှမ်းပြောခဲ့တဲ့ အမျိုးသားကို PDF အားပေးမှုနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒါဖြန့် လော်ဘီချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
Read More

သီပေါမြို့မှာ သုံးရက်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ဒဏ်ရာရ၊ တစ်လတာတိုက်ပွဲအတွင်း တအာင်းဒေသမှာ အရပ်သား ၂၂ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းက လှုပ်ရှားနယ်မြေအတွင်းရှိ ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာ သင်တန်းပေးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းအနေနဲ့ လှုပ်ရှားနယ်မြေအတွင်းက ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာပေး သင်တန်းပြုလုပ်ကာ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။