ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်ရှိ ဆောင်နန်းခဲကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ PNA တပ် က တပ်ခွဲမှူး သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကရင်နီစစ်တိုင်း၊ စစ်နည်းဗျူဟာအမှတ် ၁၄ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲ ကျေးရွာကို ဇွန်လ ၂၃ ရက်ကစလို့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်တို့ရဲ့ စစ်ကြောင်းထိုးမှုကြောင့် တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၆ ရက်မှာ အကြမ်းဖက်စစ်အုပ်စုဟာ ဆောင်နန်းခဲကျေးရွာအတွင်း ရှိနေချိန် ရှမ်းတောင်ကရင်နီစစ်တိုင်း၊ စစ်နည်းဗျူဟာ အမှတ်(၁၄) လက်အောက်ခံ၊ ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း PNA တပ်က တပ်ခွဲမှူး (၁) ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ PNA တပ်သား (၅) ယောက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တပ်ဟာ ဆောင်နန်းခဲကျေးရွာကို ဝက်ရောက်လာတာနဲ့တစ်ပြိုင်နက် ရွာအတွင်းရှိ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အိမ်တွင်းရှိ အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖယ်ခုံအင်းအရှေ့ခြမ်းရှိ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ရာ နေရာတွေကို စစ်ကောင်စီတပ်နဲ့ PNO/PNA ပြည်သူ့စစ်က စစ်ကြောင်းထိုးမှုတွေ အပြင်းအထန်ပြုလုပ်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေပါ အသုံးပြုနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကာလအတွင်း စိန်ခေါ်မှုများစွာကြား တရားမျှတမှု ရှာဖွေသွားမည်ဟု အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးအဖွဲ့အစည်း (၂၅) ဖွဲ့ ထုတ်ပြန်ကြေညာ…

အမျိုးသမီးတွေကို ရာဇဝတ်မှုကျူးလွန်တာဟာ တော်လှန်ရေးကာလအတွင်း တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆို အပြစ်ပေးဖို့ စိန်ခေါ်မှုများစွာ ရှိနေပေမယ့် နည်းလမ်းပေါင်းစုံနဲ့ တရားမျှတမှုကို ရှာဖွေသွားမယ်လို့ မတ်လ ၈ ရက် ဒီနေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုူသမီးများနေ့”မှာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်း (၂၅) ဖွဲ့က ပူးတွဲ သဘောထား ထုတ်ပြန်ထားပါတယ်။
Read More

ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF – Khayan) တည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ရန်ကုန်တိုင်းမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF-Khayan) ရဲ့ တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မေလ (၁၅) ရက် မနေ့က နယ်မြေအခြေအနေကြောင့် အွန်လိုင်းမှာသာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့ ကျောက်တွင်းလုပ်ကွက် စစ်တပ်ဗုံးကြဲမှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်က ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ခမရ ၁၂ က စစ်သားတစ်ယောက် PDF ထံ လက်နက်နဲ့ အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းဆီကို အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခမရ ၁၂ က တပ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့ကို စစ်ကောင်စီတပ် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။