ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က သူဌေးကုန်းရွာ စစ်ကောင်စီကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းရာမှာ စစ်ကောင်စီအလောင်း ၅ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Spring Warriors Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၂၅ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ အဆိုပါစခန်းကို KNU ၊ KNLA တပ်ရင်း-၉ နဲ့အတူ ဗျူဟာ (၂၅)၊ Spring Warriros Column ရဲ့ ရိုးမဗျူဟာ ၄ စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ကူတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း သူဌေးကုန်းကျေးရွာထိပ် ကာကင်းကနေ ထွက်ပြေးဆုတ်ခွာသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိသလို တော်လှန်ရေးတပ်တွေရဲ့ အလင်းဝင်ရောက်ဖို့စည်းရုံးမှုကို လက်မခံဘဲ ပြန်ခုခံနေခဲ့တာကြောင့် အသေပစ်ခတ်ရှင်းလင်းခဲ့ရသူတွေလည်းရှိတယ်လို့ Spring Warriors Column တာဝန်ရှိသူက ပြောပါတယ်။

“စခလက်နက်ကြီးက ခလရ ၂၆၄ ပိန်းဇလုပ်ကရော ကျောက်တံခါးဘက်ကရော ပစ်ကူပါတယ်။ ကျနော်တို့တွေ ဝင်တိုက်တော့ ကျန်တဲ့ကောင်တွေကို လက်နက်ချခိုင်းဖို့ ပြောပေမယ့် သူတို့ကလက်မခံဘဲ အထဲထဲကနေ မရမကပြန်ခုခံနေတော့ ကျနော်တို့လည်း အန္တရာယ်ကင်းရအောင် ပစ်ခတ်ရှင်းလင်းလိုက်ရပါတယ်။ တော်တော်လေးခုခံခဲ့တယ် ပြောရပါမယ်။” လို့ Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

၁နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာတော့ တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး G3 သေနတ် ၂လက်နဲ့ အူဇီ သေနတ် ၁လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက် ဖြူး၊ ညောင်လေးပင်နဲ့ ကျောက်တံခါးမြို့နယ်တွေက စစ်ကောင်စီစခန်း ၉ခုကို ဇွန်လ ၂၅ရက်နေ့ မနက်အစောပိုင်းမှာ PDF ဗျူဟာတပ်ရင်းတပ်ဖွဲ့တွေနဲ့ KNU၊ KNLA တပ်ဖွဲ့ဝင်တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်-၂ စစ်ဒေသခွဲကလည်း သတင်းထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

ဝက်လက်နယ်တွင် ပအဖ ရုံးအဖွဲ့မှူးနှင့် အမျိုးသမီး ၁ဦး လုပ်ကြံပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၈၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ တစ်လတည်းမှာပင် အမျိုးသမီး ၈၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့  မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ပါတယ်။
Read More

သံလွင်တိုင်းမ် သတင်းဌာန အယ်ဒီတာချုပ်ရဲ့ နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

မွန်ပြည်နယ်၊ မော်လမြိုင်၊ ထားဝယ်စုရပ်ကွက်မှာရှိတဲ့ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူရဲ့ နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

ပြည်သူများကို စေတုတ္တရာ ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်ရှောင်ပြည်သူတွေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။