မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ကံမ္မမြို့အတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ကား ၂ စီးနဲ့ လိုက်လံခိုးယူတင်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Pakokku People Defense Force (PPDF) က ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၆ ရက် မနက် ၁၀ နာရီခန့်မှာ ကံမ္မမြို့အတွင်းမှာ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မယူဆောင်နေတဲ့ အကြမ်းဖက်စစ်ကား ၂ စီးကို PPDF နဲ့ မဟာမိတ်တွေက မြို့တွင်းတစ်နေရာမှာ အလစ်အငိုက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ Pakokku People Defense Force (PPDF) က ဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးကို Pakokku People Defense Force (PPDF) နဲ့အတူ ABSDF အမှတ်၃ စစ်ကြောင်း ၊ အောင်ကျော် ( RG ) ၊ မြို့နယ် ပလဖ ၊ Tiger Warrior Force ( TWF ) ၊  အညာ​​မြေပြောက်ကျားတပ်ဖွဲ့ (ကိုဇော်မိုက်) ၊ ကိုရေခဲနဲ့ ကိုဗလဦးဆောင်တဲ့ လူငယ်ပြောက်ကျားတပ်ဖွဲ့ (YGF) တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေ ဇွန်လဆန်းမှာ အင်အားအလုံးအရင်းနဲ့ ထွက်လာတဲ့ ရိက္ခာပို့စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် လိုရာခရီးကိုမရောက်ဘဲ ကမ္မမြို့မှာ ပိတ်မိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ကမ္မမြို့အတွင်းမှာ ပိတ်မိနေတဲ့အတွက် ပြည်သူတွေလည်း ဘေးလွတ်ရာကို ရှောင်နေရတာကြောင့် အကြမ်းဖက်စစ်တပ်က လူမရှိတဲ့နေအိမ်တွေက အဖိုးတန်ပစ္စည်းတွေကို အဓမ္မယူဆောင်နေတာ​ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကနီမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့တွင် သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ ကလေး (၁) ဦးအပါ (၃) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့လယ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော် လက်နက်တွေနဲ့အတူ အညံ့ခံ

တရုတ် - မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေထံ လက်နက်ချခဲ့တယ်လို့ ကချင် စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီ NUG ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့ပြီး ရဲဘော်တွေကလည်း ပြည်ထောင်စုဝန်ကြီးချုပ်ကို အလေးပြုခြင်းနဲ့ ဂါရဝပြုကန်တော့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။