စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေဦး အနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံဆီက သိရပါတယ်။

အဆိုပါ အမျိုးသမီး ၆ယောက်ဟာ ရေဦးမြို့နယ်က ကျေးရွာတစ်ရွာမှာ နေထိုင်သူတွေဖြစ်ပြီး သက်လတ်ပိုင်းအရွယ်တွေဖြစ်ကာ စစ်အုပ်စုက ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရေဦးမြို့ပေါ် ဈေးသွားဝယ်တဲ့အချိန် စစ်အုပ်စုနဲ့တွေ့ပြီး အဖမ်းခံရတယ်လို့ မိသားစုဝင်တွေဆီကနေတဆင့် သိရတယ်။ ဘာကြောင့် အဖမ်းခံရတယ်ဆိုတာ မသိရသေးဘူး။ စစ်အုပ်စုက ဈေးအနီးကနေ စောင့်ဖမ်းတာတွေ ပြုလုပ်တယ်လို့ သိရတယ်” လို့ ရေဦးအနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။

အဆိုပါ အမျိုးသမီး ၆ယောက် ဖမ်းဆီးခံထားရတာဟာ ၆ရက်ကြာပြီဖြစ်ပြီး သူတို့ကို ဘယ်မှာဖမ်းဆီးထားလဲဆိုတာလည်း မသိရတာကြောင့် မိသားစုဝင်တွေက လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။

“ဖမ်းထားတဲ့သူတွေကို ဘယ်မှာထားထားတယ်ဆိုတာ မသိရသေးဘူး။ အခုထိ စုံစမ်းနေဆဲပဲ၊ ငွေညှစ်ချင်တာတွေရောကြောင့် ဖမ်းတယ်လို့ ကျနော်တို့ ယူဆရတယ်။ ဒီလထဲ အဖမ်းခံရတာ ၆ဦးပေါ့” လို့ ထူးခန့်ဇော် (အမေ့သား) က ဆက်ပြောပါတယ်။

ဒါ့အပြင် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေဟာ စစ်မှုထမ်းပေါ်တာဆွဲတာတွေ၊ မထင်ရင် မထင်သလို ဖမ်းဆီးတာတွေ ရှိသလို ဆိုင်ကယ်တစ်စီးကို ယောက်ျားလေး ၂ယောက် စီးနင်းခွင့်ကိုလည်း ကန့်သတ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ရေဦးမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တိုင်းလိုလိုမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီတပ်သားတွေ ရှိနေပြီး ပြည်သူတွေကို ဖမ်းဆီးကာ တစ်ယောက်ကို ကျပ်သိန်း ၅၀ နီးပါးအထိ တောင်းပြီးမှ ပြန်လွှတ်ပေးတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းမှုနှင့် ငလျင်ဒဏ် ပြိုင်တူ ခံစားနေရသည့် မြန်မာတွင် လူပေါင်း ၆ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေ

အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ် အကြီးအကျယ် ခံစားရပြီးတဲ့နောက် အရေးပေါ် အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ ၆ သန်းကျော်အထိ ရှိလာပြီလို့ UNICEF က ပြောပါတယ်။
Read More

ရခိုင့်တပ်တော် (AA) နှင့် ချင်းညီနောင် (CB) အကြား လူမျိုးရေး မှိုင်းတိုက်မှုများ ရှိနေသည်ဟု CB ပြော

“ပလက်ဝမှာ ဖြစ်ခဲ့တဲ့ မုဒိန်းကျင့် ဖြစ်စဥ်တွေကို ULA/AA ကနေ ဝန်ခံထားတယ်။ AA ရဲဘော်တွေ ကျူးလွန်သွားတာပေါ့နော်။ ဝန်ခံပြီးမှ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်နေတယ်ပေါ့။ ဒါပေမယ့် လူမျိုးရေး မှိုင်းတိုက်တဲ့သဘောကို ဒီမှာ ပြန်တွေ့ရပါတယ်။ ကျနော်တို့ကလည်း ညီနောင်အနေနဲ့ ဒီကိစ္စအပေါ် စုံစမ်းတဲ့အခါမှာ တကယ့်မြေပြင်က အရှိတရားက ULA/AA အနေနဲ့ ဒီကိစ္စကို အမြင့်ဆုံးသော ပြစ်ဒဏ်နဲ့ အရေးယူထားတယ်.. ကျူးလွန်သူတွေကို” လို့ ဆလိုင်းယောမာန်က ဆိုပါတယ်။
Read More

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီ Airbus အနေနဲ့ စစ်အုပ်စုကို လေယာဉ်တွေ ရောင်းချပေးနေတဲ့ AVIC ကို ဖိအားပေးဖို့ Justice For Myanmar တောင်းဆို

မြန်မာစစ်အုပ်စု စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အထောက်အပံ့ပေးနေတဲ့ Aviation Industry Corporation of China (AVIC) ကို ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus အနေနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေ ရပ်တန်ဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စစ်ဗိုလ်ချုပ်များ ယူနီဖောင်းလဲကာ အုံလိုက်ကျင်းလိုက် ဝင်လာမည့် စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီ

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် သူတို့ရဲ့ လူယုံ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင် တပ်ကြပ်ကြီး စာရေးတွေကအစ ကြံခိုင်ရေးပါတီထဲကို ပါတီဝင်အဖြစ် ပြောင်းလဲစေလွှတ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

မင်းကွန်းတွင် စစ်ကြောင်းထိုးမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သားများအနက် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲသူများပါဝင်

"အရှင် ဖမ်းမိတဲ့ သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရဆို တပ်ထဲမှာ မူးယစ်ဆေးက လိုရင် လိုသလောက် ရတယ်တဲ့။ နယ်မြေရှင်းလင်းဝင်တော့ ရှေ့တန်းပွိုင့်ရဲ့ နေရာတိုင်းလိုလိုမှာ အပ်တွေတွေ့ရတယ်။ အလွန်အကျွံ သုံးကြတာပါ။ ရှေ့တန်းမှာတောင် ဒီလောက်တွေ့ရရင် နောက်တန်းမှာဆို ဒီထက်ပိုဆိုးနိုင်တယ်" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

Sexy Dance ဖြင့် ဖျော်ဖြေခဲ့မှုကြောင့် သရုပ်ဆောင် သင်ဇာဝင့်ကျော် အမှုဖွင့်ခံထားရ

ရန်ကုန်မြို့က ဖျော်ဖြေပွဲတစ်ခုမှာ လိင်အသားပေး Sexy Dance အကနဲ့ ဖျော်ဖြေခဲ့တယ်ဆိုပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ တရားစွဲဆိုထားတယ်လို့​ သိရပါတယ်။