တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၄ ရက် နေ့လယ်ပိုင်းက မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ စစ်ကား ၁ စီးကို ရမ်းဖိုကျေးရွာနဲ့ ကမ်းတိုရွာကြား ကမ်းပါးနီးအရောက် တော်လှန်ရေးတပ်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လမ်းကင်းယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ၁၀ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ပကဖနဲ့ ပကဖဇုန်(၃)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမြို့ ရှိ ငလျင်ဒဏ်သင့် မြဝတီသီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ငလျင်ဒဏ်သင့် မြဝတီ သီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုစခန်းကို စီးနင်းတိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ စခန်းစွန့်ခွာ ထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်တန်း၊ မြေပြန့်မှ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေသည့် Myingyan Black Tiger (ရုပ်/သံ)

တောင်တန်း၊ မြေပြန့်က တိုင်းရင်းသား EROs တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်ကို စစ်မျက်နှာပြင်များစွာ ဖြန့်ကျက်ပြီး တိုက်ခိုက်လျက်ရှိတယ်လို့ Myingyan Black Tiger က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်တိုက်ပွဲက အောင်ပွဲရ ရဲဘော်တွေကို ဂုဏ်ပြု ဆုငွေများချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ကရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှာ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာခန့်ပါသွား (ရုပ်/သံ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆x၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီ‌ရွှေဆိုင်မှာ လက်နက်ကိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။