ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က ဇေယျဝတီမြို့ဘူတာရုံအပါအဝင် စစ်ကောင်စီတပ်တွေရှိနေတဲ့  မြို့ပေါ်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၅ ရက်၊ မနေ့က မနက်အစောပိုင်းကစလို့ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ ဘူတာရုံအတွင်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး MA1 သေနတ်၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံတချို့နဲ့ ဖုန်း ၄ လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖြူးပကဖက ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ ဘူတာအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိခိုက်ဒဏ်ရာရရှိထားသူတွေ ထွက်ပြေးသွားတာကြောင့် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေက ဘူတာဝန်ထမ်းအိမ်ရာတွေအထိပါ ရှင်းလင်းရှာဖွေခဲ့ကြောင်း သိရပါတယ်။ ဒီလိုမျိုး ရှာဖွေရင်း မီးရထားဝန်ထမ်း ၁ ယောက်ကိုလည်း အလင်းဝင်ရောက်ဖို့ မှာကြားခဲ့တယ်လို့ ဖြူးပကဖက ပြောပါတယ်။

ဇေယျဝတီဘူတာရုံကို ပကဖတိုက်ခိုက်ရေးအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းနေချိန် တချိန်တည်းမှာပဲ  ဖြူးမြို့နယ်တရားရုံးရှေ့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်စီကင်းပတ်ကားတွေနဲ့ ဇေယျဝတီမြို့သကြားစက်အတွင်းမှာရှိနေတဲ့ စစ်ကောင်စီကင်းပုန်းတွေကို ပကဖ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇေယျဝတီရဲစခန်းကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေအတွင်း ပကဖ တပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း ဖြူးမြို့နယ်၊ ဝဲကြီးအောက်ခုံကျေးရွာက အုတ်ဖြတ်-မုန်းလမ်းပေါ်   ကင်းပတ်သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဖြူးပကဖ တိုက်ခိုက်ရေးအဖွဲ့တို့ နာရီဝက်ကြာ  ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇေယျဝတီဘူတာအပါအဝင် ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲရာ နေရာများကို ဖြူးပကဖ တပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းနေစဥ် (ဓာတ်ပုံ ဖြူးပကဖ)

0 Shares:
You May Also Like
Read More

မင်းလှတွင် အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ ၂၂ ဆီက သိရပါတယ်။
Read More

Special Operation Group (S.O.G) စစ်ကြောင်းရဲ့ ပထမအကြိမ် လက်နက်တပ်ဆင်ပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group (SOG) စစ်ကြောင်းမှာရှိတဲ့ ရဲဘော်အင်အားရဲ့ ၅၀ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်ဖို့ သဘောတူညီမှုအရ ဒီဇင်ဘာလ ၇ ရက်မှာ လက်နက်၂၀ ရာခိုင်နှုန်း ပထမသုတ်အနေနဲ့ လက်ခံရရှိခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

သာပေါင်းမှာ ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲစည်းရုံးရေး လုပ်ခိုင်းနေ၊ တရုတ်နဲ့ ရုရှား အကူအညီတွေ လာတော့မယ်၊ မကြောက်နဲ့ လို့လည်း စည်းရုံးပြောဆိုသွား

ဧရာဝတီတိုင်း သာပေါင်းမြို့ပေါ်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ပေးဖို့ အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရေဖြူအခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ဒေါနတပ်ရင်း၊ တပ်ခွဲ ၆ - ဝေဟင်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁) မှ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ် ၏ ဈာပနအခမ်းအနား

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁)၊ တပ်ခွဲ ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ဟာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ဇူလိုင်လ ၂၀ ရက်က ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။