ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က ဘုရားကြီးကုန်းရွာ အကြမ်းဖက်စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ဦးသေ၊ ၂ဦးအရှင်ဖမ်းခံရပြီး လက်နက်ခဲယမ်းတွေရရှိခဲ့ကြောင်း ပဲခူးခရိုင်၊ အမှတ် – ၂ တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၂၅ ရက် မနေ့က မနက်အစောပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၄၀ ကြာ တိုက်ပွဲဖြစ်ကာ အပြီးသတ်ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘုရားကြီးကုန်းရွာ စခန်းဟာ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ တစ်မိုင်အကွာလောက်မှာ တည်ရှိတာဖြစ်ပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၄၀ နီးပါး အထိုင်ချတပ်စွဲထားတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ် ၂၅-ဗျူဟာဖြစ်တဲ့ ပဲခူးခရိုင်၊ အမှတ်-၂ တပ်ရင်း၊ P2-3702 နဲ့အတူ KNLA တပ်ရင်း ၉ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ရဲ ၂ ယောက်ကို သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိသည့် စစ်လက်နက်ပစ္စည်းများနှင့်အတူ တွေ့ရသည့် P2-3702 တပ်ဖွဲ့ဝင်များ

“ပွဲက သိပ်မကြာလိုက်ဘူး။ စပစ်ပစ်ချင်းကနေ စခန်းထဲရောက်ဖို့ ၁၅ မိနစ်လောက်ပဲကြာလိုက်တယ်။ စခန်းနဲ့ ရွာကို ရှင်းလင်းရေးလုပ်တဲ့အချိန်ပါ ပေါင်းမှ မိနစ် ၄၀ လောက် ကြာခဲ့တာပါ။ ဒီပွဲက အရင်ပွဲတွေနဲ့စာရင် လက်နက်ကြီးပစ်ကူ နည်းတယ်ပြောရမယ်။ ကျောက်တံခါးဘက်ကနေ လှမ်းပစ်တာမျိုးတော့ရှိပါတယ်” လို့ ပဲခူးခရိုင်၊ အမှတ်-၂ တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း တပ်ရင်း ၃၇၀၂ ရဲ့ တပ်ဖွဲ့ဝင် ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး ၁ ယောက် စိုးရိမ်ရတယ်လို့ သိရပါတယ်။

“၂ယောက်ထိတာမှာ ၁ယောက်က ခေါင်းကိုထိတယ်။ အဲ့ဒါ စိုးရိမ်ရပါတယ်။ လက်နက်ငယ်ထိတာပါ။ ဦးထုပ်မပါတော့ ပိုဆိုးသွားတာပေါ့။ အဓိကကတော့ ပြည်သူတွေအနေနဲ့ ကျနော်တို့ကို များများထောက်ပို့ပေးစေချင်ပါတယ်။ ပြည်သူတွေကပဲ ကျနော်တို့ရဲဘော်တွေ အထိခိုက်အကျဆုံးနည်းအောင် ကူညီပေးနိုင်တာပါ” လို့ ပဲခူးခရိုင်၊ အမှတ်-၂တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် မြို့နယ်တွေဖြစ်တဲ့ ဖြူး၊ ညောင်လေးပင်နဲ့ ကျောက်တံခါးမြို့နယ်တွေက စစ်ကောင်စီစခန်း ၉ခုကို ဇွန်လ ၂၅ရက် မနေ့က မနက်အစောပိုင်းမှာ PDF ဗျူဟာတပ်ရင်းတပ်ဖွဲ့တွေနဲ့ KNLA တပ်ဖွဲ့ဝင်တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်-၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကျေးရွာများရှိ နေအိမ်များကိုစစ်ကောင်စီနှင့် PNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ - ညောင်ရွှေနယ်စပ် ဖယ်ခုံမြို့နယ်မှာ အကြမ်း ဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦး PDF ထံ လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးစခန်းက ရဲတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ တောင်သူဦးကြီးများ PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

MOD ၏ နှုတ်မိန့်လို့ အကြောင်းပြကာ ဆေးတာဝန်ခံ အမျိုးသမီးရဲဘော်ကို လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် Shield အဖွဲ့မှ MOD ထံ တိုင်ကြားစာပေးပို့ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံကို Shield Women Organization အဖွဲ့ကနေ ဆေးတာဝန်ခံရဲမေ ရိုက်နှက်နှိပ်စက်ခံရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ကျူးလွန်သူတွေကို အရေးယူပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။  
Read More

Southern Shan Revolution Youth ရဲ့ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY) ၊ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။