ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၊ သူဌေးကုန်းကျေးရွာထိပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ  ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ Spring Warriors Column က  သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၅ ရက် မနေ့က မနက်အစောပိုင်းမှာ ကျောက်တံခါးမြို့ သူဌေးကုန်းကျေးရွာထိပ် ကာကင်းစခန်းကို  တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၁ နာရီကြာဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ သူဌေးကုန်းကျေးရွာထိပ်ကာကင်းကနေ ထွက်ပြေးသွားပြီး လက်နက်ချအလင်းဝင်ဖို့ စည်းရုံးခဲ့ပေမယ့် ခုခံပစ်ခတ်တဲ့အတွက် စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့  သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို Spring Warriros Column ၊ KNLA တပ်ရင်း (၉) ပူးပေါင်းအဖွဲ့တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကာကင်းစခန်းကနေ G-3 ၂ လက်၊ အူဇီ ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Spring Warriors Column

0 Shares:
You May Also Like
Read More

ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် တိုင်ဖွန်မုန်တိုင်းကြောင့် လူ ၆၀ ကျော်သေဆုံးပြီး အိမ်ခြေ ၄၀၀၀၀ ကျော် ပျက်စီးခဲ့ (ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်မုန်တိုင်း Kalaegi ကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၆ ယောက်သေဆုံးကာ အိမ်ခြေ ၄၀၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
Read More

ထားဝယ် ပကာရီယက္ကန်းစင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံးခဲ့မှု ဒူရကစစ်ကြောင်း ထုတ်ပြန် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ယက္ကန်းစင် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒူဘိုင်းလေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး (ရုပ်/သံ)

ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ လေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံးသွားခဲ့ပါတယ်။ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ အိန္ဒိယနိုင်ငံထုတ် တီဂျက်စ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး သေဆုံးသွားခဲ့ရတဲ့ တိုက်လေယာဉ်မှူးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေ တပ်က ထုတ်ပြန်ထားပါတယ်။ အဆိုပါလေယာဉ်အမျိုးအစားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ပျက်ကျခဲ့ဖူးတဲ့အတွက် ယခုတစ်ကြိမ် ပျက်ကျမှုဟာ ၂ နှစ်ဆက်တိုက်ပျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

မုန်းမြို့တွင် အရပ်သား ၁ ဦး ထင်းခွေးရင်း မိုင်းနင်းမိ သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ အရပ်သား ၁ ယောက် တောထဲ ထင်းခွေရင်း မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်သူတွေထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ‌ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ် (၁) သင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက် ယနေ့နံနက်ပိုငး်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

MDY PDF အပတ်စဉ် (၁၇) အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) သင်တန်းဆင်းပွဲ မှတ်တမ်းပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်လိုက်ပါတယ်။