ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၆ ရက် ဒီနေ့မှာ အမှတ်(၂) စစ်ဒေသခွဲ(JOC) ရဲ့ ကွပ်ကဲမှုအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ယောက်ထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဟာ  အထိအခိုက်များစွာနဲ့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၂) ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သလို လက်နက်မျိုးစုံ (၂၈)လက်နဲ့ ခဲယမ်းတွေအပြင် အခြားစစ်သုံးပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဂျနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့အညီ စနစ်တကျ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ(၂၅)တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊တပ်ရင်း(၉)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဖေဖော်ဝါရီ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်နှင့် မိုးမိတ် မတတ်သာဘဲ လက်လွှတ်ခဲ့ရမှုအတွက် အနူးအညွှတ်တောင်းပန်ကြောင်း ဗိုလ်ချုပ် တာဘုန်းကျော် ပြောကြား

နွေဦးတော်လှန်ရေးအတွင်း အကောင်းဆုံးပေးဆပ်ခဲ့ပေမယ့် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေ အကြမ်းဖက်စစ်တပ်ထံ ပြန်ပေးလိုက်ရတဲ့အတွက် ပေးဆပ်နစ်နာသူတွေကို တောင်းပန်ကြောင်း တအာင်းတပ် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။
Read More

စစ်အုပ်စု၏ ဆိပ်ညံရေတင်ရုံး ခေါ် ရေကြောင်းစစ်ဆေးရေးဂိတ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး အကြမ်းဖက်စစ်သား ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ရေကြောင်းစစ်ဆေးရေးဂိတ်ကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂ ယောက် ရှိခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့နယ်တွင် ပန်ဒါနီ ၉ ကောင် တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များကို NUG ဖမ်းဆီးထိန်းသိမ်း

အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလက်ထက် တစ်မနက်အတွင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး ၃ မြို့မှာ ဓားပြတိုက်၊ လူသတ်မှုတွေ ဖြစ်ပွား

ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့နယ်တွေမှာ ဒီဇင်ဘာလ ၂၆ရက်၊  ဒီနေ့တစ်မနက်အတွင်းမှာပဲ ဓားပြတိုက်၊ လူသတ်၊ လုယက်မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။