ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို  တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၅ ရက် မနေ့က မနက် ၁ နာရီဝန်းကျင်မှာ ကျောက်တံခါးမြို့နယ် ဘုရားကြီးကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိနစ် ၄၀ ကြာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက စခန်းစွန့်ခွာထွက်ပြေးသွားကြပါတယ်။ တိုက်ပွဲအတွင်း စစ်သား ၄ ယောက်သေဆုံးကာ လက်နက်ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ၃၇၀၂ တပ်ရင်းနဲ့ KNLA တပ်ရင်း (၉) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့က  ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း၊ P2-3702

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့စစ်ဆင်ရေး ထိုးစစ်ဆင်လာတဲ့ တပ်မ ၅၅ နဲ့ တပ်မ ၄၄ ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံ Lion Battalion Commando ထုတ်ပြန်

ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်မ ၅၅ နဲ့ တပ်မ ၄၄ ပူးပေါင်းစစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းလိုက်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Lion Battalion Commando စစ်ကြောင်းက မှတ်တမ်းရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှာ ကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယေက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက် ယနေ့နံနက်ပိုင်းက ကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှုအတွင်း ၄ ယောက်သေခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)အဖွဲ့ထံက သိရပါတယ်။
Read More

နေပြည်တော်တွင် အဆောက်အအုံအောက် ၄၄ နာရီကြာ ပိတ်မိနေသည့် လူငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ ၂ လမ်းက အဆောက်အအုံအောက်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ ငလျင်ကြောင့် ပိတ်မိနေတဲ့ အမျိုးသား လူငယ် ၁ ယောက်ကို ၄၄ နာရီကြာပြီးနောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့တောင်ဘက်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၁ ယောက်သေကာ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းရွှေဘိုမြို့‌အဝင်တောင်ဘက်မှာစက်တင်ဘာ၃၀ရက်ညနေပိုင်းကကားလမ်းထွက်ပိတ်တဲ့အကြမ်းဖက်စစ်သားတွေနဲ့တော်လှန်ရေးတပ်တွေထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
Read More

စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ကားတချို့ ချောက်ထဲကျပြီး ၅ယောက် ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Ar Lar Wa Ka အဖွဲ့ထံက သိရပါတယ်။
Read More

ဝက်လက်-ရှိန်းမ ကားလမ်းမပေါ်မှာ စစ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၃ စီးကို တိုက်ခိုက်မှု ၁ စီး ထိခိုက်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်-ရှိန်းမကားလမ်းမပေါ်မှာ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ပြည်သူတွေထံက အနိုင်ကျင့်လုယူပြီး အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၃ စီးကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ DOUNG NI People Defence Force - DNPDF က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။