အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၂ ယောက်ကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၄ ရက်နေ့က ပခုက္ကူမြို့တပ်မ ၁၀၁ လက်အောက်ခံ၊ ခလရ ၂၅၁ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂ယောက်ကို Burma Revolution Rangers တပ်ဖွဲ့ဝင်တွေက  သွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်သား ၂ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့  အဓမ္မပေါ်တာဆွဲ ဖမ်းဆီးတာကိုခံခဲ့ရပြီး  ရကသ-၁ ဗထူးသင်တန်းကျောင်းမှာ ၃ လကြာ စစ်သင်တန်းတက်ရောက်ခဲ့ရကြောင်း၊ အဲ့ဒီနောက် ဇွန်လ ၁၆ ရက်နေ့မှာ ပခုက္ကူ ၂၅၁ တပ်ရင်းကို ပို့ဆောင်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Burma Revolution Rangers တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်

ကာယကံရှင်တွေဟာ စစ်ကောင်စီလက်အောက်မှာ နေထိုင်လိုခြင်းမရှိတာကြောင့် အခုလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီ ထွက်ပြေးလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မိသားစုဝင်တွေရှိရာဆီ ပို့ဆောင်ပေးပြီးပြီဖြစ်ကြောင်း Burma Revolution Rangers ကပြောပါတယ်။

အခုချိန်အထိ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင်  ရဲတွေ ၊ ပျူစောထီးတွေအနေနဲ့လည်း အမြန်ဆုံး အမြင်မှန်ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီ  အလင်းဝင်ရောက်ကြဖို့ Burma Revolution Rangers က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

အမြန်လမ်းပေါ်တွင် PDF များကို အားပေးစကားပြောခဲ့သည့် အမျိုးသားအား ဖမ်းဆီးထားကြောင်း စစ်တပ်လက်ပါးစေများ အောင်ပွဲခံပြောဆိုနေ

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ PDF တပ်ဖွဲ့ဝင်တွေ လမ်းပိုင်းလုံခြုံရေးဆောင်ရွက်နေချိန် စကားလှမ်းပြောခဲ့တဲ့ အမျိုးသားကို PDF အားပေးမှုနဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း စစ်တပ်ဝါဒါဖြန့် လော်ဘီချန်နယ်တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
Read More

မာနယ်ပလောဒေသ ရရှိရေး စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် တပ်မှူး (၂) ဦးကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ရရှိရေးအတွက် စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူး (၂) ယောက်ကို ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေကြည်မြိ့၊ အမတ ၃၄၄ တပ်ထဲမှာ အရေးပေါ်လေယာဉ်ကွင်း ဆောက်လုပ်နေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် AAက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နေစဥ်ကာလမှာပဲ၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာရှိတဲ့ အမြှောက်တပ် ၃၄၄ တပ်ရင်းထဲမှာ အရေးပေါ်လေယာဉ်ကွင်းငယ်တစ်ခု ဆောက်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
Read More

ဗန်းမော် စကခ ၂၁ ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA ပစ်ချ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ် ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မင်းလှတွင် အကြမ်းဖက်စစ်ကြောင်းက စိတ်ဝေဒနာရှင် ၁ ဦးကို လက်ပြန်ကြိုးတုပ် ရိုက်သတ်ကာ စွန့်ပစ်ထားခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက စိတ်ကျန်းမာရေးချို့တဲ့သူ ၁ယောက်ကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်ကာ ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။