ပဲခူးတိုင်း ‌‌တောင်ငူခရိုင် ဖြူးမြို့နယ် ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် ဒဏ်ရာရရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ တယ်လို့ ဖြူးမြို့နယ်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၅ ရက် မနေ့နံနက် ၁ နာရီခွဲဝန်းကျင်ခန့်က ဖြူးမြို့နယ် ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို ဖြူးမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေဟာ ဒဏ်ရာရရှိသွားတဲ့ စစ်သား ၃ ယောက်ကို ခေါ် ဆောင်ထွက်ပြေးသွားပြီး ဘူတာရုံကို ရှင်းလင်းခဲ့ရာ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆန်အချို့နဲ့ ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စီးနင်းမှုအတွင်း မီးရထားဝန်ထမ်း ၁ ယောက်ကိုလည်း အလင်းဝင်ရောက်ဖို့ မှာကြားကာ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဇေယျဝတီဘူတာရုံအား ဝင်ရောက်စီးနင်းနေချိန်မှာ ဖြူးမြို့နယ် တရားရုံးရှေ့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဇေယျဝတီသကြားစက်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖြူးပကဖဒရုန်းအဖွဲ့မှ ဇေယျဝတီရဲစခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဖြူးမြို့နယ် ပကဖမှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဇွန်လ ၂၂ ရက်လည်း ဖြူးမြို့နယ်၊ အုတ်ဖြတ်-မုန်းလမ်းပေါ်ရှိ ဝဲကြီးအောက်ခုံကျေးရွာမှာ ကင်းပတ်သွားလာနေတဲ့ စစ်ကောင်စီသားတွေနဲ့ ဖြူးမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Video – PhyuTownship People’s Defense Organization-ဖြူးမြို့နယ် ပကဖ

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့သို့ စက်လှေဖြင့်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ သရက်ချောင်းသို့ စက်လှေနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကော်မရှင်ရဲ့ ပွိုင့် ၆၆၆ စခန်းကုန်းမှတ်တမ်းရုပ်သံ

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပုဂံဂွေ့ကျေးရွာအနီးရှိ စစ်ကော်မရှင်ရဲ့ ပွိုင့် ၆၆၆ စခန်းကုန်းအား သိမ်း ပိုက်ထားတဲ့ မှတ်တမ်းရုပ်သံကို အာရက္ခတပ်တော် AAက မနေ့နေ့လယ်ပိုင်းက ထုတ်ပြန်လိုက်ပါ တယ်။ ပွိုင့် ၆၆၆ စခန်းကုန်းကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီး ၃ နာရီ ခန့်အကြာ သုံးဘက်သုံးတန်ကနေ ပိတ်ဆို့တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ ရိက္ခာပို့ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်တိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ ရိက္ခာပို့ယာဉ်တန်းအား မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ ဇုန်-၃ မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့စစ်သင်တန်းကျောင်းမှာ မူးယစ်ဆေးဝါးတွေကို အရာရှိများက ရောင်းချပေးကြောင်း စစ်သုံ့ပန်းပြောကြား (ရုပ်/သံ)

ရန်ကုန်မြို့မှာ ပန်းရံလုပ်ကိုင်တဲ့ ချစ်ကိုဇင်ကို စစ်ကော်မရှင်က အဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်ခဲ့ရာကနေ ဇန်နဝါရီ ၁၇ ရက်က အမ်း-ပဒါန်းလမ်း ပဇီကျေးရွာအနီး တိုက်ပွဲမှာ အာရက္ခတပ်တော်ရဲ့ လက်ရဖမ်းဆီးခံခဲ့ရပါတယ်။
Read More

သာစည်အကျဉ်းထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာ သာစည်ထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို စက်တင်ဘာ ၂၃ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ယောက်သေ တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAမှ သတင်းထုတ်ပြန်ထားပါ တယ်။