စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန် ၂၅ ရက် မနေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းခံရသူ ၂ ယောက်ဟာ ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေးလာပြီး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ရန်ကုန်ဂျိုးဖြူ အမှတ်(၁) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းက စစ်မှုထမ်းသင်တန်း အပတ်စဥ်(၁၀)ဆင်းလာသူနဲ့ တောင်ကြီး ကျိုင်းတောင်း အမှတ် (၃) ပြည်သူ့စစ်မှုထမ်းလေ့ကျင့်ရေးကျောင်းကနေကယ အဓမ္မစစ်သားစုဆောင်းခံရသူ တို့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာတဲ့ အဆိုပါ စစ်သားစုဆောင်းခံရသူ လူငယ်၂ ယောက်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားရှိတယ်လို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်သာ စွပ်ကျယ်စက်ရုံမှ ဒုရဲတပ်ကြပ်နှင့် ရဲတပ်သားတို့ အရက်၊ ဘီယာ ထွက်ဝယ်ရင်း အဖမ်းခံရ

မန္တလေးတိုင်း၊ တောင်သာမြို့ အမှတ် (၁) စွပ်ကျယ်စက်ရုံမှာ တာဝန်ကျနေတဲ့ ဒုရဲတပ်ကြပ်နဲ့ ရဲတပ်သားတို့ကို အရက်၊ ဘီယာ ထွက်ဝယ်ချိန် အရှင်ဖမ်းမိခဲ့တယ်လို့ Taung Tha People Defense Force (တောင်သာ ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒုံရင်းမြို့နယ်မှာ KNU ရဲ့ မြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ဒုံရင်းမြို့နယ်၊ ဒူရိန်ကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်ကနေ ၂၃ ရက် အထိ KNU ရဲ့ ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံံဆွေးနွေးပွဲကို (၅)ရက်တာကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္တရာမှာ စစ်အုပ်စုတွေက ရွာတွေကို စစ်ကြောင်းဝင် မီးရှို့နေလို့ ဒေသခံ ၃၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရ

မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ စေတုတ္တရာ မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်မီးရှို့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

ဆီမီးခုံမြို့မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ…

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ MP-9 PDF က ထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းတွင် စစ်မှုထမ်းကြေးကောက်ပြီး ပြန်လာသည့် စစ်သားနှင့်ရဲများ တိုက်ခိုက်ခံရကာ ၂ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးရွာကနေ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာကြတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး လက်နက်နဲ့ ငွေကြေးတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂⁩) က သတင်းထုတ်ပြန်ပါတယ်။