တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်မှာ စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၂၄ ရက်မှာ လောင်းလုံးမြို့ပေါ် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကညုံကျွန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းတလျှောက် ကျေးရွာတွေနဲ့ ကညုံကျွန်းရွာက ဒေသခံစုစုပေါင်း ၁၀၀ ခန့်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးသူတွေထဲက စိတ်ကျန်းမာရေး မကောင်းတဲ့ အသက် ၄၆ နှစ်အရွယ်ရှိ ကညုံကျွန်းရွာခံ ဦးမျိုးဇော်အောင် (ခ) ဦးမျိုးကြံအောင်ကို လည်လှီးသတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို စစ်ကြောင်း ပြန်လည်ဆုတ်ခွာရာလမ်းရှိ စစ်ပြဲရွာနဲ့ လောင်းလုံးမြို့ကြား ဆီအုန်းတောထဲမှာ စွန့်ပစ်ခဲ့ကြောင်း ဒီနေ့ တွေ့ရှိခဲ့ရတယ်လို့ DDMSC က ဆိုပါတယ်။

သတ်ဖြတ်ခံခဲ့ရသည့် ဦးမျိုးဇော်အောင် (ဓာတ်ပုံ CJ)

ဒါ့အပြင် အဆိုပါစစ်ကောင်စီစစ်ကြောင်းက စစ်သား ၁ ယောက်ဟာ ကညုံကျွန်းကျေးရွာနေ အသက် ၇၀ ကျော် အမျိုးသမီးကိုလည်း ၂ ရက်အတွင်း ၅ ကြိမ်အထိ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးကြီးဟာ စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာချိန် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ကုန်ကြပေမယ့် ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းဖြစ်သူကို ပြုစုဖို့နဲ့ ကိုယ်တိုင်ကလည်း အသက်အရွယ် ကြီးရင့်ပြီဖြစ်တဲ့အတွက် မတိမ်းရှောင်တော့ဘဲ နေအိမ်မှာပဲ နေကျန်ရစ်ခဲ့ချိန်မှာ အဓမ္မပြုကျင့်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကညုံကျွန်းရွာမှာ တပ်စွဲနေထိုင်ချိန်အတွင်း နေအိမ်နှစ်လုံးနဲ့ ဆိုင်ကယ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရာနဲ့ချီတဲ့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဖျက်ဆီး ခိုးယူခံခဲ့ရသည့် နေအိမ်များ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံးကြဲလို့ ဒေသခံပြည်သူ ၂ ယောက် ပြင်းထန်ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကတော့ကမ်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်တပ်ရင်း - ၂ က ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ဘက်ပို့ဆောင်ခံရချိန် ထွက်ပြေးအလင်းဝင်လာသည့် စစ်သက်တမ်း နှစ် ၂၀ ရှိ တပ်ကြပ် ၁ ဦးကို မုံရွာပကဖ စစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်ခေါင်းတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကုန်ကားများကို ဆက်ကြေးကောက်နေသည့် ရဲလင်မယား ပစ်ခတ်ခံရပြီး ရဲယောက်ျား သေဆုံး၊ ကိုယ်ဝန်သည် ရဲမိန်းမကို ပြန်လွှတ်ပေးခဲ့

မကွေးတိုင်း၊ ပုခုက္ကူမြို့နယ်မှာ ကုန်ကားတွေဆီက ဆက်ကြေးငွေကောက်နေတဲ့ ရဲလင်မယားကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ရာ ရဲအမျိုးသားဖြစ်သူ သေဆုံးသွားပြီး အမျိုးသမီးဖြစ်သူကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျောက်ကန်ပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
Read More

လောင်းလုံးမှာ ပျူစောထီးစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ပျူစောထီးစစ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။