စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှာ ဆိုင်ကယ်၁စီးတည်းကို လူ ၂ ယောက်တွဲ စီးနင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသွား အမျိုးသား ၂ ယောက်ကို နေပူလှန်း ဒူးထောက်ခိုင်းပြီး ဆိုင်ကယ်သိမ်း၊ ငွေညှစ်တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ရွှေဘို -ဆိပ်ခွန်- မုံရွာ လမ်းအတိုင်း မောင်းနှင်လာတဲ့ အမျိုးသား ၂ ယောက်ရဲ့  ဆိုင်ကယ်၁စီးကို ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ စစ်တပ်ဂိတ်က ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ဆိုင်ကယ် ၁ စီးတည်းကို လူ ၂ ယောက် စီးနင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ခရီးသွားအမျိုးသား ၂ ယောက်ကို နေ့တစ်ဝက်ကြာ နေပူလှန်း ဒူးထောက်ခိုင်းရင်း ပါလာတဲ့ ငွေကျပ်သိန်း ၃၀၀၊  ဖုန်း ၂ လုံးနဲ့ ဆိုင်ကယ်တို့ကို သိမ်းယူထားလိုက်ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၂ ယောက်ဟာ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ် ကံကြီးတောရွာနေ အရပ်သားတွေဖြစ်ကြပြီး ကိစ္စတစ်ခုနဲ့ မုံရွာဘက်ကို အသွားမှာ အခုလို ကြုံခဲ့ရတာလို့လည်း သိရပါတယ်။

“ဆိပ်ခွန်က ရွှေဘိုအနောက်ဘက်မှာရှိတာ။ အဲ့ဒါ သိရသလောက်ဆို နေ့တစ်ဝက်လောက် ဒူးထောက်ခိုင်းပြီး ပါလာတဲ့ ပိုက်ဆံနဲ့ ဆိုင်ကယ်တွေပါ ယူထားရင်း ပြန်လွှတ်လိုက်တယ်ကြားပါတယ်” လို့ ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အထက်ပါ ဆိပ်ခွန်ရွာ စစ်ကောင်စီအထိုင်ဂိတ်ဟာ ရွှေဘိုမြို့အနောက်ဘက် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-မုံရွာသွားတဲ့ လမ်းနံဘေးမှာတည်ရှိတာဖြစ်ပြီး နေ့စဥ်ဆိုသလို ကားအစီရေ ထောင်ချီ ဖြတ်သန်းသွားလာနေတာကြောင့် စစ်အုပ်စုတွေအတွက် ငွေဝင်ကောင်းတဲ့ ဂိတ်တစ်ခုဖြစ်တယ်လို့လည်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဆိပ်ခွန်ရွာဂိတ်မရောက်ခင်မှာလည်း နယ်ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ရှေ့တွင် စစ်ကောင်စီဂိတ်စခန်းရှိကြောင်းနဲ့ ဆိုင်ကယ် ၁ စီးတည်းကို အမျိုးသား ၂ ယောက်တွဲ မစီးနင်းဖို့ တိုက်တွန်းတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူးပေးထားတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မောင်တော နခခ(၅) က ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကို တပ်ဖွဲ့အင်အား ၈၀ ကျော်နဲ့အတူ AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နယ်ခြားစောင့်ရဲစခန်း နခခ(၅) ကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း ပါဝင်တဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်း သတင်းဌာနတွေက ဖော်ပြလာပါတယ်။
Read More

မိတ္ထီလာမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ပြည်သူ ၁၇ ယောက်ကို တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းသွား

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အမှတ် ၁၂ ရပ်ကွက်က အမျိုးသား ၁၇ ယောက်ကို အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သန်းရဲ့ ဦးဆောင်မှုနဲ့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရိုးဂိုးက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်စဉ်မှာ မီးသတ်သမားနဲ့ ပရဟိတသမားတွေအပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားစဉ်မှာ လာရောက်မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေနဲ့ ပရဟိတသမားတွေ အပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်း

ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။ 
Read More

ကျောက်ကြီးမြို့နယ်မှာ ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ခမရ−၅၈၉ က စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ချအလင်းဝင်လို့ ကျပ်ငွေ ၁၀ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။