မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မိတ္ထီလာမြို့နယ်အတွင်း အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံ တယောစစ်ကြောင်းကို  ဇွန် ၂၄ ရက် ညနေပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၃ ယောက် သေကာ ၇ ယောက် ဒဏ်ရာရရှိခဲ့သလို ဒဏ်ရာရရှိသူတွေထဲက တစ်ယောက်က ဇွန် ၂၅ ရက် မနက်မှာ ထပ်မံသေဆုံးသွားတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဆိုပါတယ်။

မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ကလည်း ရဲဘော်တစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ မိထ္ထီလာ ၊ သာစည်တော်လှန် ရေးအင်အားစု၊ DSNDA ပြည်သူ့ကာကွယ်ရေးတပ်တော်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဇူလိုင်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သား ၉ ဦးကို အမည်နှင့်တကွ အတည်ပြုထားဟု AAPP ထုတ်ပြန်၊ အတည်မပြုရသေးသည့် သေဆုံးသူအရပ်သား ၁၃ ဦး ရှိဟု ဆို

နိုင်ငံတစ်ဝန်း ဇူလိုင်လရဲ့ ပထမ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

“ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” လူထုသပိတ်တိုက်ပွဲကျင်းပ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့၊ မြို့တော်ခန်းမရှေ့မှာ “ရန်သူ့အခက် ငါတို့အချက် အပစ်မရပ်နဲ့ အမြစ်ဖြတ်ချ” ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး မြေပြင်လူထုသပိတ်တိုက်ပွဲကို Free Burma Action Committee-Northern California က လုပ်ဆောင်ခဲ့ပါတယ်။
Read More

ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စု လက်နက်ဖြင့် ရမ်းသန်းပစ်ခတ်မှု မိသားစုဝင် ၃ ဦးထဲမှ မသန်စွမ်းအပါ ၂ ဦးသေ ၊ ၁ ဦးဒဏ်ရာရ

" စခတွေက အရှေ့တောင်ခြမ်းတိုက်ရွာ အထက်ရွာ ၊ အောက်ရွာကို ၁၅ ရက်လောက်နေပြီးတော့မှ တမာကန်ဘက်ကို ဖြတ်ထိုးလာတာ၊ တမာကန်ကို အရင်ကတည်းက စစ်ကြောင်း ထိုးဖူးတယ်၊ ဖြတ်သန်းဖြတ်လာထိုးဖူးတာတော့ရှိတယ်၊ မြေးဖြစ်သူ ဇော်ဘုန်းခိုင်ကျတော့ မွေးရာပါမသန်စွမ်းပါ" ပါလို့ Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ပုသိမ်မြို့ အကြမ်းဖက် တိုင်းစစ်ဌာနချုပ်က သေဆုံးစစ်သားတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိုးတိုးတိတ်တိတ် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ သေတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ရွှေမြင်တင် မီးသဂြိုလ်စက်မှာ တိတ်တဆိတ် လာရောက်သဂြိုလ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းဗီဒီယို စံချိန်တင် ၈၀,၀၀၀ ပြည့်

မနက်ဖြန် ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ ပြည့်မွေးနေ့ ကမ်ပိန်းအတွက် မွေးနေ့ဆုတောင်းဗီဒီယိုပေါင်း ၈၀,၀၀၀ ပြည့်သွားပြီဖြစ်တယ်လို့ ကမ်ပိန်းစာမျက်နှာကနေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။