စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲမှာ ဆွံ့အပြည်သူ ၁ ယောက် အပါအဝင် ၉ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။

ဇွန်လ ၂၃ရက်နေ့က ဝက်တိုး (တောင်) ရွာကနေတဆင့် စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁ဝဝ ဝန်းကျင်နဲ့အတူ သပြေသာရွာနဲ့ ကျောင်းကုန်းရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ဖောက်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇွန်လ ၂၅ရက်နေ့မှာ သပြေသာရွာက ဦးလှိုင်းဇာဇာ (ဆွံ့အ) ၅၀ နှစ်၊ ဦးအောင်နိုင် (၄၅)နှစ်၊ ဦးတရုတ်ကြီး (၄၅)နှစ်၊ ကိုမျိုးထက် (၃၄)  နှစ်၊ ဖိုလ်ကုန်းရွာက ဦးဝင်း (၅၃) နှစ်၊ ဦးချစ်ဝင်း (၆၀) နှစ်၊ ကျောင်းကုန်းကျေးရွာက ကိုသိန်း (၃၇) နှစ်၊ ဦးမြင့်မောင် (၄၅ ) နှစ်နဲ့ ဦးမျိုးဆန်း (၄၅) နှစ် တို့ကို လက်ပြန်ကြိုးတုတ်ကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပြီး တခြား ပြည်သူတစ်ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဆိုပါတယ်။

၃ ရက်တာ တပ်စွဲနေခဲ့တဲ့ စစ်အုပ်စုဟာ ရွာထဲက ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူခဲ့တဲ့အပြင် လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၆ ရက် မနက် ၉နာရီလောက်မှာတော့ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ သပြေသာရွာနဲ့ ကျောင်းကုန်းရွာတို့ကနေ ထွက်ကာပြီး ဇီးကုန်းသကြားစက်ကို ဝင်ရောက်သွားကာ အဲဒီကနေတဆင့် နေ့လယ် ၁၂ နာရီလောက်မှာ ဂွေးကုန်းရွာထဲ ထပ်မံဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

အခုလို ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက် သပြေသာရွာ၊ ကျောင်းကုန်းရွာနဲ့ အနီးနား ကျေးရွာတွေက ပြည်သူ ၈၀၀၀ ခန့်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

0 Shares:
You May Also Like
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
Read More

ဖလမ်းအနောက်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများ ရှိ၊ သုံ့ပန်း၂ ဦးနှင့် လက်နက်များရရှိထားဟု CNDF ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သား၂ ယောက် အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကို ပြောပါတယ်။
Read More

ဟာသ သရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ရှာပြီ

ပန်ကရိယ ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ မနေ့က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
Read More

မြောင်မြို့နယ်တွင် CDM ဝန်ထမ်း အယောက် ၄၀ အတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု” မှာ ပါဝင်ခဲ့ကြတဲ့ ကျေးရွာတစ်ခုက နိုင်ငံ့ဝန်ထမ်း (CDM) တွေကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဟိန္ဒူဘာသာဝင်တွေအပေါ် လူမျိုးရေးခွဲခြားလှောင်ပြောင်ထားတဲ့ ရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဆင်ဆာအဖွဲ့က ဒီပါ၀လီနေ့ နီးကပ်လာစဉ်မှာ ရုံတင်ပြသ၊ ဟိန္ဒူဘာသာဝင်တွေ အပြင်းအထန်ကန့်ကွက်နေ

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်ရှင်ဆင်ဆာ အဖွဲ့က ခွင့်ပြုလိုက်တဲ့  ရုံတင်ဇာတ်ကားတစ်ခုဟာ  မြန်မာပြည်က ဟိန္ဒူဘာသာဝင်တွေကို လူမျိုးရေး ခွဲခြားလှောင်ပြောင်တဲ့ သဘောဆောင်နေတာကြောင့် မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်လှေ ၅ စီးကို AA ဖမ်းဆီး၊ လှေ ၁ စီးမှ အကြမ်းဖက်သမားများ AA အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦးကို သတ်ပြီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ ထွက်ပြေး

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ ငါးခိုးဖမ်းတဲ့ လှေ ၅ စီးကို ဖမ်းဆီးရမိရာ လှေ ၁ စီးက အကြမ်းဖက်သမားတွေဟာ အရာရှိ ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။