မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် စစ်သား ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၄ ရက် မနေ့က မနက်ပိုင်းမှာ ငါးဇွန်မြို့နယ် မြို့သာရဲစခန်းကနေ ဂွေးကုန်းစစ်တပ်စခန်းသို့ Honda Fit ယာဉ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီဗိုလ်နဲ့ စစ်သား ၄ ယောက်ကို မြို့သာနဲ့ ဂွေးကုန်းမြို့ ကြား ပေပါမိုင်း ၂ လုံးနဲ့ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲခံရမှုကြောင့် စစ်ဗိုလ်အပါအဝင် စစ်သား ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ

0 Shares:
You May Also Like
Read More

အင်းတော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ နေထိုင်သည့် တဲအိမ်နှင့် ဆိုင်ခန်းများ ရေစီးနှင့် မျောပါ (ရုပ်/သံ)

စစ်ကိုင်းတိုင်၊ အင်းတော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ တဲအိမ်နဲ့ ဆိုင်ခန်းတွေ ရေစီးနဲ့မျောပါသွားခဲ့တယ်လို့ Indaw Revolution (IR) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအ ပြားသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘလယ်ဒို စခန်းကနေ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီရဲ့ လက်နက်တွေကို ဗိုလ်တာဘော ကြည့်ရှုစစ်ဆေး (ရုပ်သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ပူးပေါင်းတပ်တွေက တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မကြာမီမှာပဲ သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေကို Cobra Column က စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်တာဘောက ကြည့်ရှုစစ်ဆေးနေတဲ့ ရုပ်သံဖိုင်လာထွက်ပေါ်လာပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် အကြမ်းဖက်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။