လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန် ချိုးနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ဆိုပါတယ်။

”မေမေ့အတွက် မွေးနေ့ဆုတောင်းဗီဒီယိုတွေ ၁ သိန်းကျော်နီးပါး ပေးပို့ပြီး မနှစ်က ဂင်းနစ်စံချိန်ကို ချိုးနိုင်ခဲ့တာတွေက စည်းလုံးမှုနဲ့ အားပေးမှုကို အပြည့်အဝ ဖော်ပြလိုက်သလိုပါပဲ။ ဒါဟာ ကျနော် မျှော်လင့်ထားတာနဲ့ အများကြီးသာလွန်ပါတယ်”လို့ ဆိုပါတယ်။

မွေးနေ့ဆုတောင်းဗီဒီယို ပေးပို့ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ပေးတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

Video – Kim Aris-Htein Lin

0 Shares:
You May Also Like
Read More

ထားဝယ် PDF ရဲ့ မြို့တွင်းအထူးစစ် ဆင်ရေးသင်တန်းအမှတ်စဥ် (၁) သင်တန်း ဆင်းပွဲ (ရုပ်/သံ)

ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းရဲ့ စစ်အခြေခံသင်တန်း အပတ်စဥ် (၇) နဲ့ မြို့တွင်းအထူးစစ် ဆင်ရေးသင်တန်းအမှတ်စဥ် (၁) သင်တန်း ဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ Dawei District Battalion 2 က အသိပေး ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း၂ -P2 3402မှ သတင်း ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ်က အင်မထီး ကျေးရွာကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တော့တဲ့ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ချပေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီး ကျေးရွာက အကြမ်းဖက်စစ်တပ် ပူးပေါင်း ပျူစောထီးအဖွဲ့ဝင်တွေကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တာကြောင့် အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပို့နေရတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက ရုပ်သံမှတ်တမ်းသက်သေနဲ့အတူ စုံစမ်းသိရှိရပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို တရုတ်နဲ့ စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြကာ ပိတ်ထားတဲ့အတွက် ကုန်သည်တွေ အခက်ကြုံနေ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နဲ့ ရွှေလီမြို့ကြား ကုန်စည်ဖြတ်သန်းမှုကို တရုတ်အစိုးရက ဒီနေ့နိုဝင်ဘာ ၁၁ ရက်မှာ ကန့်သတ်လိုက်တဲ့အတွက် မြန်မာကုန်သည်တွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင်၏ အတုယောင်ရွေးကောက်ပွဲတွင် မပါဝင်ကြဖို့ သခင်ဖိုးလှကြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ရဲဘော်များ တောင်းဆို (ရုပ်/သံ)

စစ်ကော်မရှင်က ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အတုယောင်ရွေးကောက်ပွဲကို ပြည်သူလူထု ပါဝင်ခြင်းမပြုလုပ်ကြဖို့ သခင်ဖိုးလှကြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ရဲဘော်တွေက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
Read More

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ ရဲ့ လက်ရှိအခြေအနေ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ တော်လှန်ရေးရဲဘော် ၁ ယောက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။