မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တားဆီးတိုက်ခိုက်ရာ စစ်ကောင်စီ ဒုတပ်ကြပ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး စစ်လက်နက် ပစ္စည်းများစွာကိုလည်း ရရှိခဲ့ကြောင်း 9/A Nyar Myae Operation က သတင်းထုတ်ပြန်ထားပါတယ်။ 

အဲဒီတိုက်ပွဲကို 9/A Nyar Myae Operation အဖြစ် မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း ၊ တံတားဦး (ပကဖ) တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ဝက်လူးနယ်မြေရဲစခန်းကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ပွဲငယ်တွေ ဖော်ဆောင်ပြီး တားဆီးတိုက်ခိုက်မှုတွေ လုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“စစ်ကူအင်အား စစ်ကြောင်းက ၁၄၀ ပတ်ချာလောက်ရှိပါတယ်။ ဝက်လူးစခန်းသိမ်း တိုက်ပွဲစတင်ဆင်နွှဲတဲ့ အရင်လကတည်းကနေ အခုချိန်ထိ တောက်လျှောက်ကို တိုက်ပွဲတွေ ဖြစ်နေတာပါ” လို့ နွားထိုးကြီး PDF ရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်မ (၈၈) က ဒုတပ်ကြပ် (၁)ယောက်ကို လက်ဝယ်ဖမ်းဆည်းရမိခဲ့ပြီး ရဲတပ်သား (၁) ယောက်လည်း လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီရဲ့ အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်မှုထမ်းထံနေရတဲ့ တပ်သား ၂ ယောက်ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ပေါ်တာဆွဲလာတဲ့ ၂ ယောက်က စစ်ကြောင်းနဲ့ ပါလာတာပါ။ တိုက်ပွဲတွေကြားထဲကနေ ထွက်ပြေးလာလို့ ကျနော်တို့က ထိန်းသိမ်းထားပေးတာပါ။ အလင်းဝင်တဲ့ တစ်ယောက်ကလည်း စစ်ကြောင်းထဲကနေ ချိတ်ဆက်ပြီး အလင်းဝင်လာတာပါ။ စစ်ကြောင်းကတော့ လောလောဆယ် တံတားဦးဘက်ကို ပြန်ပြီး ဆုတ်ခွာသွားပါတယ်” လို့ အခြေအနေတွေကို ရှင်းပြပါတယ်။ 

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်တွေထံက MA-1 (၁) လက်၊ MA-3 (၁) လက်၊  G-3 ကျည် (၉၂) တောင့်၊ 5.56 ကျည် (၁၅၀၀) တောင့်၊ M9 (၁၂) လုံး၊ ၆၀ မမ (၈) လုံး၊ ၆၀ မမ ဒေါက် (၁) ခု၊ RPG အဖူး (၂) ဖူး၊ RPG ပို့ကျည် (၂) တောင့်၊ နင်းမိုင်း (၁၄) လုံး၊ လက်ပစ်ဗုံး (၁၁)လုံး၊ Drone Shooter (၁)လက်၊ ကျည်ဘောက် (၆) ဘောက် တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်သား (၁၃) ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ (၅) ယောက် ရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေက ရန်သူအလောင်း (၁) လောင်းသာ သိမ်းဆည်းရရှိခဲ့ပေမယ့် (၁၃) ယောက် သေဆုံးတာကတော့ မျက်မြင်ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့က ရဲဘော်တွေ ပေါင်းစည်းထားတဲ့ အမှတ်(၈) စစ်ကြောင်းရဲ့ ပထမသက်တမ်း တိုက်ပွဲဝင် ပုံရိပ်များ

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ /ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ရဲ့ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ ၂၀၂၄ နှစ်စပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမှတ်(၈) စစ်ကြောင်း (ပထမသက်တမ်း) ပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

တောင်ဥက္ကလာတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ကြိုးဆွဲချ သေဆုံး

ရန်ကုန်တိုင်း၊ တောင်ဥက္ကာပမြို့နယ်မှာ ညစောင့် လုံခြုံရေးဝန်ထမ်း ၁ ယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
Read More

အုတ်ဖိုတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင်တို့ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၊ Black Tiger ပြောက်ကျားတပ်ဖွဲ့က မောင်းကို ပြောပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ဆုံးပြီဟု သတင်းများထွက်ပေါ်ခဲ့

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော-ကျောက်ထု-မင်းတပ်လမ်းပိုင်း မြေပြိုမှု ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။