တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ မြိတ်မြို့ဘက်ကနေ အင်အားအပြည့်တင်‌ဆောင်လာတဲ့ စစ်ကောင် စီယာဉ်တန်းကို တနင်္သာရီမြို့နယ် ရမ်းဖိုရွာအနီး မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ယာဉ်တန်းဟာ တနင်္သာရီမြို့ဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်မှု ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပ.က.ဖ၊ ဇုန် ၃ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ပူးပေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့မှ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

TNLA ဗိုလ်ချုပ် တားဘုန်းကျော်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့် မွေးနေ့အတွက် ဆုတောင်းစကားပြောကြား (ရုပ်/သံ)

ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အတွက် TNLA ဗိုလ်ချုပ် တားဘုန်းကျော်က မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လေယာဉ်နဲ့ ချပေးခဲ့တဲ့ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ယင်းမာပင်ဗျူဟာ ၄၂ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်ဗျူဟာ ၄၂ ရဲ့ စစ်ဆင်ရေးလှုပ်ရှားနေတဲ့ နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ချပေးခဲတဲ့ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်တော်လှန်‌ ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ငလျင်ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်က မြန်မာစကား‌နဲ့ ပြောဆိုရှင်းပြ (ရုပ်/သံ)

နိုင်ငံကို မတရားအာဏာသိမ်းရယူထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ငလျင်ကြောင့် သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေကို ဖုန်းနဲ့ ဆက်သွယ်ရှင်းပြနေတဲ့ ရုပ်သံဖိုင် ကို စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
Read More

ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား  တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။