ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တော်ဝိရွာ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးပြီး ရဲအရာရှိတွေအပါအဝင် သုံ့ပန်း ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကုန်လုံးထွက်ပြေးသွားခဲ့တာကြောင့် လက်နက်ခဲယမ်းတွေနဲ့ စစ်ဆင်ရေးပစ္စည်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်ဝင်ဒေါင်းတပ်ရင်း တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

ဇွန်လ ၂၅ ရက်၊ ဒီနေ့မနက် ၁နာရီအချိန်က ညောင်လေးပင်နဲ့ ကျောက်တံခါးမြို့နယ်ကြားမှာရှိတဲ့ တော်ဝိကျေးရွာ အကြမ်းဖက်စခန်းကို တော်လှန်ရေးတပ်တွေက ၁နာရီကြာ ဝင်ရောက်တိုက်ခိုက်ရင်း တစ်ပါတည်း အပြီးသတ်ချေမှုန်းနိုင်ခဲ့တာလို့ သိရပါတယ်။

ညောင်လေးပင်အခြေစိုက် ခမရ ၂၀ လက်အောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေအပါအဝင် စစ်အုပ်စု အင်အား ၅၀နီးပါး ဝင်ရောက်တပ်စွဲနေတဲ့ အဆိုပါစခန်းကို ဗျူဟာ၂၆ ရဲ့ တော်ဝင်ဒေါင်းတပ်ရင်းနဲ့ တောကျီးကန်း(၇) ကောင်တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းတစ်ခုလုံး သိမ်းဆည်းရရှိတဲ့အထိ ချေမှုန်းနိုင်ခဲ့ကြောင်း တော်ဝင်ဒေါင်းတပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

“ရန်သူရဲ့အလစ်အငိုက်မှာ သေချာထိရောက်စွာ ဝင်ရောက်ချေမှုန်းနိုင်လိုက်တာပါ။ အရှင် ၃ယောက် ဖမ်းမိတာက ၂ပွင့်နဲ့ရဲရယ်၊ ရဲအရာခံဗိုလ်ရယ်နဲ့ စစ်ကောင်စီတပ်သား၁ယောက်ပါ” လို့ တော်ဝင်ဒေါင်းတပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီစစ်ဆင်ရေးကို ဗျူဟာ ၂၆က စီမံကွပ်ကွဲခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နေ့မှာ ကျဆုံးသွားတဲ့ ရဲဘော် ကျော်စွာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျော်စွာစစ်ဆင်ရေးလို့လည်း အမည်ပေးထားကြောင်း သိရပါတယ်။

“အဓိကကတော့ နည်းဗျူဟာ‌ပေါ့။ ကျနော်တို့ဗျူဟာ (၂၆) ရဲ့ စီမံကွပ်ကဲမှုနဲ့ လှုပ်ရှားခဲ့တာပါ။ ကျနော်တို့ ဝင်တိုက်ခဲ့မယ်လို့ သူတို့ဘက်က ထင်ထားမှာမဟုတ်ဘူး။ ကျနော်တို့ဘက်က လက်ဦးတာရယ် ပစ်အားသာခဲ့တာရယ်ကြောင့် အခုလို အထိအခိုက်မရှိ အချိန် ၁နာရီအတွင်း အောင်ပွဲရခဲ့တာပါ” လို့ တောကျီးကန်း (၇) ကောင်တပ်ရင်းရဲ့ တာဝန်ရှိသူ ၁ ယောက်ကလည်း မောင်းကို ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိနေတဲ့ စစ်ကောင်စီစခန်း ၉ခုကို ဇွန်လ ၂၅ရက် ဒီနေ့မနက်အစောပိုင်းမှာ PDF ဗျူဟာတပ်ရင်းတပ်ဖွဲ့တွေနဲ့ KNLA တပ်ဖွဲ့ဝင်တွေက တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်-၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားပါတယ်။

ဗျူဟာ ၂၆၊ တော်ဝင်ဒေါင်းတပ်ရင်းနှင့် တောကျီးကန်း ၇ ကောင် တပ်ရင်းတို့ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိသည့်သုံ့ပန်းများ (ဓာတ်ပုံ တော်ဝင်ဒေါင်းတပ်ရင်း)

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ ထိန်းချုပ်နိုင်မှုက လေးပုံတစ်ပုံပင် မရှိတော့ကြောင်း မြေပြင်အချက်အလက်များက ဖော်ပြနေဟု NUG ယာယီသမ္မတ ပြောကြား၊ စစ်ကောင်စီအနေနဲ့ မြန်မာစစ်သမိုင်းတလျှောက် အကြီးမားဆုံး ရှုံးနိမ့်မှုများကို ရင်ဆိုင်ကြုံတွေ့နေရပြီဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်စိုးမိုးနိုင်မှုက လေးပုံတစ်ပုံတောင် မရှိတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာ့ရိုးရာ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။
Read More

ဩ ဆားလင်းကြီးမြို့ရှိ စစ်ကော်မရှင် တပ်စွဲထားသည့် နေရာများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က အကြမ်းဖက်စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးအဖွဲ့ (Salingyi) ဆီက သိရပါတယ်။
Read More

ယခုနှစ် ၉ လအတွင်း အကြမ်းဖက်စစ်တပ်မှအလင်းဝင်သူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း ၂၀၀၀ ကျော်ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို စစ်အုပ်စု ပြန်လည်ရယူရန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်သွား

စစ်ကိုင်းတိုင်း၊ ကသာခရိုင်က ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ပြန်လည်ရယူနိုင်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။