မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ၁လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်ကစလို့ ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေဟာ ကမ္မမြို့အတွင်းက ကျေးရွာတွေဆီ ဝင်ရောက်မွှေနှောက်ခဲ့ပြီးတဲ့နောက် နောက်ချန်အင်အားတွေ ချန်ခဲ့ပြီး ပေါက်လမ်းပိုင်းအတိုင်း ဆက်လက်ထွက်ခွာနေရာမှာ ကမ္မတိုက်နယ်နဲ့ ပေါက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာဖြစ်ကြောင်း သိရပါတယ်။

ဇွန်လ ၂၅ရက် ဒီနေ့မနက်အစောပိုင်းကလည်း ကမ္မတိုက်နယ်အနောက်ခြမ်းကို တံတားဦးတက် Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၁ကြိမ်အထိ လုပ်ဆောင်ရင်း ဗုံးသီးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်သွားခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် တဆက်တည်းမှာပဲ ပေါက်မြို့နယ်အတွင်းက ပျဥ်ချောင်းရွာအုပ်စု၊ လှည်းဝိုင်းရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ရာမှာ စစ်ရှောင်အမျိုးသား ၁ယောက်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူတွေလည်းရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ ဖော်ပြချက်အရ လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းဟာ ကမ္မမြို့ကတဆင့် ဂျိုးပျံ-ရေပြာ- ပေါက်လမ်းပိုင်းအတိုင်း ဆက်လက်ထွက်ခွာရင်း ပေါက်မြို့နယ်၊ ရေပြာရွာနဲ့ ဆယ်မိုင်အကွာအထိ ရောက်ရှိနေပြီး ပေါက်ကပစ ၂၄ ရှိရာကို ရောက်အောင် ကြိုးစားနေကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ ပခုက္ကူတပ်မ ၁၀၁ အပါအဝင် ပျူစောထီးတွေပါဝင်ပြီး ရိက္ခာကား၁၀၀ နီးပါးနဲ့ ခြေလျင်အင်အား ထောင်ချီပါဝင်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ကမ္မ‌မြို့ပေါ်ရပ်ကွက်တွေက လူနေ‌အိမ်တွေနဲ့ ဈေးဆိုင်တွေကို ဖောက်ထွင်းမွှေနှောက်ခဲ့သလို အဖိုးတန်းပစ္စည်းတွေယူဆောင်ပြီး အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ နေ့စဥ်နဲ့အမျှ လုပ်ဆောင်ခဲ့တယ်လို့လည်း အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်ကပြောပါတယ်။

ဆက်လက်ပြီးတော့လည်း လက်ရှိရောက်ရှိနေတဲ့ မန်းကျည်းသုံးပင်ကျေးရွာကတဆင့် သာကြီးတောင်၊ တပ်မတောင်နေရာတွေကို ဖြတ်ကာ ပေါက်မြို့နယ် ရေပြာအထိ သွားရောက်နိုင်ပြီး အဲ့ဒီကမှတဆင့် ပေါက် ကပစ (၂၄) ထိ သွားရောက်နိုင်တယ်လို့လည်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါထားပါတယ်။

“အခုလေကြောင်းက တိုက်တာကလည်း ပေါက်နယ်၊ စစ်ကြောင်းကလည်း ပေါက်အထိတက်နေတာဆိုတော့ လေကြောင်းကနေ လမ်းရှင်းနေတဲ့သဘောပါ။ အခု လေကြောင်းတိုက်ခံရတဲ့ လှည်းဝိုင်းက သာကြီးတောင် တက်မတောင်နဲ့ ကပ်လျက်ပါ။ စစ်ကြောင်းကလည်း အဲ့နားမှာပါ။” လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ပေါက်နဲ့ ကမ္မလမ်းပိုင်းတစ်လျှောက်က ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူရင်း တိုက်ခိုက်ခံရသည့် စစ်အုပ်စု ရွာခံများကိုပါ ဖမ်းဆီးခေါ်ဆောင်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက စစ်ရှောင်ကျေးရွာတွေကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာမှာကျန်နေခဲ့တဲ့ ရွာသူရွာသား တချို့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

စတုတ္ထအကြိမ် လေလံပွဲမှာလည်း ဝယ်သူမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် နှစ် ၂၀ ကျော် အကျယ်ချုပ်ကျခဲ့သည့် ခြံအမှတ် ၅၄

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းမှာ တည်ရှိတဲ့ ခြံ အမှတ် ၅၄ ကို ကျပ်ငွေ ၂၇၀ ဘီလီယံနဲ့ ဧပြီ ၂၉ ရက် ဒီနေ့မနက်ပိုင်းမှာ စတုတ္ထအကြိမ် လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူတဲ့သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကိုင်းတိုင်းတစ်ခုတည်းမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်တာအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ Data For Myanmar ရဲ့  မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Read More

စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ ရန်ကုန်သပိတ်ရဲဘော် ၄ ဦး ဖမ်းဆီးခံရ

တကသ ကျောင်းသားဟောင်းများ အင်အားစု တွဲဖက်တည်ထောင်သူ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ရဲ့ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) အဖွဲ့ဝင် မမြမဉ္စူ နဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ ၄ ဦးတို့ဟာ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းမှာ မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရရှိခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရတာပါ။
Read More

ငလျင်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ပကဖ ဆောင်ရွက်နေ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ) အဖွဲ့တွေဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ရေး နဲ့ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။