ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်အော၊ လက်ပန်ကုန်း၊ ရွှေသွန်း၊ မျက်ချီးနု၊ လုံစံ၊ ကုန်းသာ၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတို့မှာ တိုက်ပွဲဖြစ်နေချိန် ဇွန်လ (၂၄) ရက် မနေ့က တစ်ရက်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးအလုံး (၁၃၀)၊ ဒရုန်းနဲ့ ဗုံးအလုံး (၆၀)၊ လက်နက်ကြီး (၅၃) လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

နောင်အောကျေးရွာမှာ မနေ့က စစ်ကောင်တပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံး (၄၂) လုံး၊ ဒရုန်းနဲ့ ဗုံး (၂၁) လုံး၊ လက်နက်ကြီး (၁၇) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၃၉)လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် လုံစံ‌ကျေးရွာတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံး (၄၇) လုံး၊ လက်နက်ကြီး (၃၂) လုံးတို့ကို ပစ်ကူခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လေယာဥ်နဲ့ ကျောက်တောကျေးရွာမှာ (၂) လုံး၊ ရွှေသွန်းကျေးရွာမှာ (၃၈) လုံးနဲ့ မျက်ချီးနုကျေးရွာမှာ (၁) လုံး ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သေးသလို အုမ္မခါးကျေးရွာဘက်ကိုလည်း လက်နက်ကြီး (၄) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် (၂၃) ရက်ကလည်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားရာမှာလည်း  စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၂) လုံးအပြင် လေကြောင်းကနေ ဗုံး (၄၇) လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သထုံတွင် မဲရုံထဲ ဖုန်းယူသွားမိသူ အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ ဒီဇင်ဘာ ၂၈ ရက် မနေ့က မဲသွားပေးရင်း မဲရုံထဲ ဖုန်းပါလာတဲ့ အမျိုးသမီး ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ရင်း အသက်ပေးခဲ့ရသည့် ABSDF ရဲဘော် ၃ ဦး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၂ တပ်ရင်းက ရဲဘော် ၃ယောက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားကြောင်း ABSDF Column – 3 က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှ ထွက်ခွာလာသည့် စစ်ကော်မရှင်ရေယာဉ် (၁၅) စီးကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက် ၊ ထိခိုက်သေဆုံးသူများ ရှိနိုင်ဟု ဆို…

" ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ် ၊ အတိအကျတော့ မသိရဘူး၊ စက်တပ်လေထီး‌နဲ့က မပစ်သွားဘူး၊ ဒီအတိုင်းပဲ ကာပေးသွားတာ၊ ရှေ့ထွက်မိုင်းတွေတောင် မဆွဲလိုက်ရဘူး၊ ဂန်းငယ်တွေနဲ့ပဲ ပစ်လိုက်ရတယ်၊ ရှေ့ထွက်မိုင်းဆွဲလိုက်ရင် မီးခိုးတွေ ထွက်သွားရင် အဆင်မပြေလို့ စက်တပ်လေထီးကလည်း တက်လာတာဆိုတော့လေ" လို့ ChindwinFighterGroup(CFG) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စလင်းတွင် စစ်ကြောင်း၂ ခု ခွဲလာသည့် အကြမ်းဖက်စစ်အုပ်စုနှင့် မင်းဘူးခရိုင်တပ်ရင်း ၅ ထိတွေ့မှု ဖြစ်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲပြီး ဝင်ရောက်လာတဲ့အကြမ်းဖက်စ​​စ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်မဲမြို့တွင် ဒေသခံ အမျိုးသား (၂)ဦး မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက လူငယ်တွေကို အပျော်အပါးနဲ့ ဖျက်ဆီးကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက ပျော်ပါးခွင့် အပြည့်ပေးထားကာ စစ်မှုထမ်းဖို့ ဆွဲဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။