ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးကလယ်စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ထီးကလယ်စစ်စခန်းကို တော်လှန်ရေးတပ်တွေက ဇွန်လ ၂၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းခဲ့ရာ ၄ ယောက်ကို ဖမ်းဆီးမိခဲ့ပြီး နယ်မြေရှင်းလင်းမှုအတွင်း လက်နက် ၁၆ လက် သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လာကြသည့် Bamar Army ရဲဘော်များကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ရခိုင်ပြည်နယ် ရှေ့တန်းစစ်ဆင်ရေးမှာ တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ပြန်လာကြတဲ့ ရဲဘော်တွေကို    ရဲ‌ဘော် ရဲဘက်တွေနဲ့ မိသားစုဝင်တွေက ဝမ်းသာပျော်ရွှင်စွာ ကြိုဆိုခဲ့ကြတဲ့ ရုပ်သံဖိုင်ကို ဗမာ့တပ်တော် Bamar Army က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်း‌ဟောင်းပေါ် ဆားဂွန်းဂိတ် စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်မှု စစ်သား ၂ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်စစ်ကောင်စီအထိုင်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲဘော်တွေကို ပြည်သူများက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) နဲ့အတူ ပါ ဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာတဲ့ အမျိုးသားလွတ်မြောက်‌ရေးတပ်တော် (NLA) ရဲဘော် တွေကို ပြည်သူတွေက အောင်သပြေပန်းနဲ့အတူ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်မှာ ဝန်းရံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၂၃ ရက် မနေ့က မနက် ၆ နာရီဝန်းကျင်ခန့်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးထံက သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းမပေါ်မှာ ဆက်ကြေးကောက်ဖို့နဲ့ မိုင်းရှာဖို့ ထွက်လာတဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တောပုရွာက ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ Chindwin Fighter Groupမှ ထုတ်ပြန်ထားပါ တယ်။ ဇန်နဝါရီ ၈ ရက်က မုံရွာ-‌ချောင်းဦးလမ်းမပေါ်မှာ ဆက်ကြေးကောက်ဖို့နဲ့ မိုင်းရှာဖို့ ထွက်လာတဲ့ ပျူ စောထီးစစ်ကြောင်းကို ပ‌ဒေသာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို BRAVE HEART AYMY.BHA ၊ MONYWA DYNAMITE.STF နဲ့ CHINDWIN FIGHTER GROUP.CFGတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရတဲ့ လားရှိုးမြို့စျေးမြင်ကွင်း (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးအများအပြားကြဲချခဲ့ရာ လားရှိုးမြို့မစျေးနဲ့ ရပ်ကွက်အတွင်းက လူနေ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အရပ်သား ၂ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။