အီရန်နှင့် အစ္စရေး အပစ်ရပ်ရေး အပြည့်အဝ သဘောတူပြီး ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်ပြီဟု ထရမ့် ကြေညာ…နဲ့ အီရန်အကြား ၁၂ ရက်ကြာမြင့်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေအပြီး အပြီးတိုင် အပစ်ရပ်ဖို့ အပြည့်အဝ သဘောတူလိုက်ပြီဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ရေးသားဖော်ပြထားပါတယ်။

“အစ္စရေးနဲ့ အီရန်တို့ သူတို့ရဲ့လက်ရှိ နောက်ဆုံး စစ်ဆင်ရေးတွေကို ရပ်စဲပြီးစီးတဲ့ အခုက စပြီး ခန့်မှန်းခြေ ၆ နာရီအတွင်းမှာပါ။ ဒါဟာ ၁၂ နာရီ ကြာမြင့်မှာ ဖြစ်ပြီး၊ အဲဒီနောက်မှာ စစ်ပွဲကို ပြီးဆုံးပြီ လို့ သတ်မှတ်ပါလိမ့်မယ်။ ၂၄ နာရီအကြာမှာတော့ ၁၂ ရက်ကြာ စစ်ပွဲ အဆုံးသတ်မှုကို ကမ္ဘာက ဂုဏ်ပြုကြိုဆိုပါလိမ့်မယ်” လို့ သမ္မတ ဒေါ်နယ်ထရမ့်က သူတည်ထောင်ထားတဲ့ Truth လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အမေရိကန် လေတပ်က အီရန်နိုင်ငံရှိ နျူကလီးယားဆိုင်ရာ အဆောက်အဦးနေရာ ၃ နေရာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ၂ ရက်ခန့်အကြာမှာ အစ္စရေးနဲ့ အီရန် အပစ်ရပ်ဖို့ သဘောတူညီမှု ရပြီဆိုပြီး ဒေါ်နယ်ထရမ့်က ကြေညာလာတာပါ။

အပစ်အခတ် ရပ်စဲချိန် အတွင်းမှာ နှစ်ဘက်စလုံးက ငြိမ်းချမ်းစွာနဲ့ လေးစားမှုရှိစွာ နေထိုင်ရမှာဖြစ်ကာ ဒီစစ်ပွဲဟာ နှစ်ပေါင်းများစွာ ကြာရှည်နိုင်ပြီး အရှေ့အလယ်ပိုင်း တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ စစ်ပွဲတစ်ခု ဖြစ်လာနိုင်ခဲ့ပေမယ့် အဲဒီလို မဖြစ်ခဲ့သလို ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ထရမ့်က ဆိုထားပါတယ်။

အီရန်ဘက်ကလည်း အစ္စရေး ဆက်မတိုက်တော့ရင် လက်တုံ့ပြန်မှုတွေ ဆက်လုပ်ဖို့ ဆန္ဒမရှိကြောင်း ပြောကြားထားပြီး စစ်ပွဲကို စခဲ့တဲ့ အစ္စရေးအနေနဲ့ တရားလက်လွတ် ကျူးကျော်ရန်စမှုတွေကို ရပ်မယ်ဆိုရင် အီရန်ကလည်း ဆက်ပြီး တိုက်ခိုက်နေမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

အီရန်ဟာ ဇွန်လ ၂၃ ရက် ညပိုင်းက ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်နားက အမေရိကန်ရဲ့ လေတပ်စခန်း တစ်ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမရှိသလို အဆိုပါ တိုက်ခိုက်မှုမတိုင်ခင် အီရန်က အမေရိကန်ကို ကြိုတင် အသိပေး အကြောင်းကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလို နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူကြောင်း အမေရိကန်ကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ အခုတိုင် အပစ်ရပ်ရေး ဘယ်လို သဘောတူညီမှုမှ မရရှိသေးဘူးလို့လည်း ပြောကြောင်း နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

နယ်စပ်လုံခြုံရေး ပိုမိုတင်းကျပ်ဖို့ ထိုင်းအစိုးရ ပြော

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် နယ်စပ်လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားကြောင်း ထိုင်းအစိုးရက ပြောပါတယ်။ 
Read More

နိုင်ငံတကာပါလီမန်များညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေ

နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် စတင်၊ မတ်လ ၄ ရက်နေ့တွင် ပူတင်နှင့် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ မတ်လ ၃ ရက်မှာ နေပြည်တော်လေဆိပ်ကနေထွက်ခွါသွားပြီ ဖြစ်ပါတယ်။
Read More

‘ဝ’ ပြည်နယ်မှာ သတ္တုတူးဖော်ရေး ပါမစ်ထုတ်ပေးရန် ဆွေးနွေး

ခဲမဖြူပေါများတဲ့ ‘ဝ’ပြည်နယ်မှာ သတ္တုတူးဖော်ရေးတွေ ပြန်စတင်ဖို့ နီးကပ်လာတဲ့အလျောက် ‘ဝ’ပြည်နယ်အတွင်း သတ္တုတူးဖော်ခွင့်ထုတ်ပေးမှုနဲ့ပတ်သက်ပြီး အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ ခဲမဖြူအသင်း (ITA) က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
Read More

နီပေါဒီမိုကရေစီလှုပ်ရှားမှုကို ဆူပူမှုဟု သုံးနှုန်းပြီး သင်ခန်းစာယူရန် အကြမ်းဖက်မင်းအောင်လှိုင် ပြောဆို… ဆန္ဒပြမှုများ နောက်ကွယ် အင်အားကြီးနိုင်ငံအချို့ပါဟု စွပ်စွဲထား…

လက်ရှိဖြစ်ပွားနေတဲ့ နီပေါနိုင်ငံ အရေးကိစ္စနောက်ကွယ်မှာ အင်အားကြီးနိုင်ငံတွေပါဝင်နေပြီး ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် သင်ခန်းစာယူသင့်ကြောင်း အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်နဲ့ စစ်ကော်မရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘုရင်လို့သုံးနှုန်းပြီး လက်နက်စကြာရှင် ပူတင်နှင့် တွေ့ဆုံမှုဟာ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်အရ ဖြစ်သည်ဟု ပြောဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။