တနင်္သာရီတိုင်း မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၉ ရက် မနက်ပိုင်းက မြိတ်မြို့ဘက်ကနေတနင်္သာရီဘက်သို့ မောင်းနှင်လာတဲ့ စစ်တပ်ယာဉ် ၆ စီးကို ရမ်းဖိုကျေးရွာနဲ့ ကမ်းတိုရွာကြား ဆီအုန်းကုန်းအရောက် ‌တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုများခဲ့ တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ KNLA တပ်ရင်း(၁၁)၊ မြိတ်ပကဖနဲ့ ပကဖဇုန်(၃)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video-ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများအား ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်ဖြူရှင်တံတားဘက်ကနေ မုံရွာဘက်ဆီ ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက ချင်းတွင်းမြစ်ကမ်းနံဘေးကနေ ရှေ့ထွက်မိုင်းနဲ့ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Read More

Federal Wings Hercules ဒရုန်းများ၏ နောက်ဆုံးမျိုးဆက် Hercules 3 တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

Federal Wings အဖွဲ့က ထုတ်လုပ်ထားတဲ့ Hercules ဒရုန်းတွေရဲ့ နောက်ဆုံးမျိုးဆက် Federal Wings Hercules 3 ရဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒီပဲယင်းမြို့ရဲစခန်းကို လေကြောင်းကချပေးတဲ့ လက်နက်ခဲယမ်းတွေ PDF သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရဲစခန်းဆီ ဇန်နဝါရီ ၂၂ ရက်က လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပုဂံညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖထံက သိရပါတယ်။
Read More

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။

KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထော်မုပလဲ့မဲစစ်တပ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၉ ယောက် သေ (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စနိုက်ဘာနဲ့ သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စက်တင်ဘာလ ဘုတလင်မြို့နယ်တိုက်ပွဲအတွင်း ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဝန်ခံချက် (ရုပ်/သံ)

"ကျနော်တို့အမေတွေအဖေတွေအရွယ်တွေလောက် ရှိပါတယ်။ ကျနော်တို့ သူတို့အပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာတွေ၊ ဖမ်းခေါ်ပြီးတော့ အပြစ်မရှိဘဲနဲ့ အော်ဟစ်ရမ်းတာတွေ၊ မတရားသဖြင့် အိမ်တွေမီးရှို့တာတွေက ကျနော်တို့လည်း အကြီးအကဲတွေရဲ့ တပ်မတော်စစ်ဗိုလ်တွေရဲ့ အာဏာပေးမှုကြောင့်မို့ အမိန့်နာခံခဲ့ရတာပါ။ ကျနော်တို့လည်း မဖြစ်မနေလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက်လည်း အားလုံးကို ဝန်ချကန်တော့ပြီးတော့ တောင်းပန်ချင်ပါတယ်ဗျ"