ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF /DPLA ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဇွန်လ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဓနုဒေသအတွင်းရှိ ပြည်သူလူထုကို ကာကွယ်နိုင်ဖို့၊ ရန်သူကို အမြဲသတိထားတတ်‌စေဖို့နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိ‌စေဖို့တို့ကို အဓိကထားပြီး အချိန်ကာလ ၃ လကျော်ကြာ စစ်သင်တန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်သင်တန်းဆင်းပွဲမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA ရဲ့ ဥက္ကဌ ဦးထွန်းထွန်းနိုင်က သင်တန်းဆင်းရဲဘော်တွေကို ဓနုဒေသအတွင်းရှိ ပြည်သူလူထုကို သစ္စာရှိရှိ ကာကွယ်သွားဖို့၊ အမိန့်နာခံတတ်စေဖို့နဲ့ အခြေအနေတိုင်းမှာ စိတ်ဓာတ်မကျဘဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွားဖို့ အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

နေပြည်တော်ရှိ စစ်တပ်၏ ရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းရှင်းလင်း

နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို  ၂ ရက်ဆက် စီးနင်းတိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့၊ နဝရတ်ရွှေဆိုင် ဓားပြမှုမှာ ကျူးလွန်ခဲ့သူတွေထဲက ၃ ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထား

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူများအား အရေးယူမည်ဟု မုံရွာနယ်ခံကာကွယ်ရေးတပ်များ အသိပေး

မကြာမီကျင်းပပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ  မုံရွာနယ်က ဝင်ရောက်အရွေးခံမယ့် စစ်ကောင်စီထောက်တိုင်များကို အရေးယူသွားမယ်လို့ မုံရွာနယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းကို ပြောပါတယ်။
Read More

ဆိပ်ဖြူမှာ နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အသိပညာပေးစာစဥ်များ ဖြန့်ဝေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် သတိပြုဖို့ အချက်တွေ ပါဝင်တဲ့ စာစဉ် ဖြန့်ဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။