မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ ပတ်သက်ပြီး အဆိုပါရဲစခန်းက ရဲတပ်ကြပ် ၂ ယောက်ကို ဇွန်လ ၁၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲတပ်ကြပ် ကျော်ဆန်းဌေးကိုနဲ့ မြင့်အောင်တို့ နှစ်ယောက်ကို အချုပ်ခန်းထဲမှာ စစ်ဆေးမေးမြန်းရင်း ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ရဲတပ်ကြပ် ၂ ယောက်လုံး အဲဒီနေ့မှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ဖမ်းခေါ်သွားတာ မဟုတ်ဘူး။ ရဲစခန်းက အချုပ်ခန်းထဲမှာပဲ လုပ်တာ။ အဲဒီ ရဲတပ်ကြပ် ၂ ယောက်က အဓိက တာဝန်အရှိဆုံးလို့ ပြောရမှာပေါ့။ ဒီအချုပ်သားတွေ လွတ်မြောက်မှုမှာ အဲဒီတာဝန်အရှိဆုံး ရဲတပ်ကြပ် ၂ ယောက်ကို အချုပ်ထဲထည့်ပြီး စကစ စစ်သားတွေရောက်လာပြီးမှ အချုပ်ခန်းထဲမှာ ဝင်ရောက်နှိပ်စက်ရင်းနဲ့မှ သေဆုံးသွားတာပေါ့” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပြပါတယ်။

အဆိုပါ ရဲတပ်ကြပ် ၂ ယောက်သေဆုံးမှုနဲ့ ပတ်သက်ပြီး တပ်တွင်းသတင်းရင်းမြစ်တွေဆီက ကြားသိရတာလို့လည်း သူက ဆိုပါတယ်။ နိုင်ကျဥ်းတွေ လွတ်မြောက်သွားတဲ့ညမှာ စစ်ကောင်စီတပ်က လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့် မတွေ့ရှိတာကြောင့် နောက်နေ့မနက်မှာ အဆိုပါ ရဲတပ်ကြပ် ၂ ယောက်ကို ဖမ်းဆီးထားလိုက်တာလို့လည်း သိရပါတယ်။

“ဒီရဲတပ်ကြပ် ၂ ယောက်နေရာမှာ အစားထိုးကျတာတော့ မရှိဘူး။ ရဲအင်အားဆိုတာက ဂရုလည်းမစိုက်ဘူး။ ထည့်လည်းမတွက်ဘူး။ ဒီစစ်ကောင်စီ ဗိုလ်မှူးတွေတောင် အစားမထိုးနိုင်တဲ့ အခြေအနေမျိုးမှာ ဒီရဲတပ်ကြပ်လောက်တော့ အစားထိုးမှာ မဟုတ်ဘူး” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဇွန်လ ၁၇ ရက်နေ့တုန်းက ထီးလင်းမြို့မရဲစခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်‌ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပြီး အဲဒီထဲက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက် လမ်းမှာ မိုင်းထိမှန်သေဆုံးခဲ့ကာ ကျန်တဲ့ ၁၂ ယောက်ကိုတော့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခေါ်ယူကာ ဆေးဝါးကုသမှုတွေ ပေးထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲခံရပြီး ရှေ့တန်းပို့ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး KNDF ဆီ ဘက်ပြောင်းခိုလှုံလာ

အကြမ်းဖက်စစ်ကောင်စီက အဓမ္မပေါ်တာဆွဲပြီး ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်းခံရကာ ရှေ့တန်းစစ်မြေပြင် ပို့ဆောင်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ယောက်က ဧပြီလ (၂၀) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်ဗျူဟာ၏ လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ မိုးကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက တပ်ရင်းတွေ စုဖွဲ့ထားတဲ့ မိုးကုတ်ဗျူဟာက လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဈေးချိုမှာ ဆန္ဒပြ၍ အကြမ်းဖက်စစ်တပ် ဆုငွေထုတ် အမှုဖွင့်ခံထားရသူ ၁၀ ဦးအနက် ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံထားရဟု ဆို

မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၁ယောက် PDF ထံ ထွက်ပြေးခိုလှုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့တော်ခန်းမမှာ တာဝန်ကျရင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို မုံရွာ ပကဖ ဆီ လွှဲပြောင်းအပ်နှံလိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂၂) တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းကို ပြောပါတယ်။
Read More

ဘုတ်ပြင်းအခြေစိုက် ခလရ ၂၂၄ က စစ်သား ၁ ဦး KNLA ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၂၄ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၄ ၊ တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မလှိုင်မှာ ရှေ့တန်းပို့ခံရမှာကြောက်လို့ ထွက်ပြေးတဲ့ ရဲတွေကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ ရှေ့တန်းပို့ခံရမှာစိုးတာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကောင်စီက လိုက်လံရှာဖွေနေကြောင်း မလှိုင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။