ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLF/DPLA ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနဲ့ လက် နက်တပ်ဆင်ခြင်းအခမ်းအနားကို တ‌အောင်းပြည်တစ်နေရာမှာ ဇွန်လ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။

စစ်သင်တန်းမှာ DPLF/DPLA ဥက္ကဌ ဦးထွန်းထွန်းနိုင်က ဓနုဒေသအတွင်းရှိ ပြည်သူလူထုကို သစ္စာရှိရှိနဲ့ ကာကွယ်သွားကြဖို့၊ အမိန့်နာခံတတ်စေဖို့နဲ့ ဘယ်လိုအခြေအနေဖြစ်ဖြစ် စိတ်ဓာတ်မကျဘဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွားကြဖို့ အမှာစကားပြောကြားခဲ့ပါတယ်။

စစ်သင်တန်းဟာ ၃ ကျော်ကြာမြင့်ခဲ့ပြီး ပြည်သူလူထုကို ကာကွယ်နိုင်ဖို့၊ ရန်သူကို အမြဲသတိထားတတ်စေဖို့နဲ့  တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေဖို့ အဓိကထား သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

Video – Danu People’s Liberation Front – DPLF

0 Shares:
You May Also Like
Read More

ထနောင်းကုန်းကျေးရွာရှိ ပျူခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ရဲဘော် ၁၀ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ထနောင်းကုန်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက်မြို့မှာ ဆောက်လုပ်နေဆဲ တိုက်ပြိုကျမှု မြန်မာအလုပ်သမားများ ထိခိုက်မှုရှိနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak Area မှာ ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်တဲ့ ငလျင်ကြောင့် ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ပြီး လုပ်ငန်းခွင်ရှိ မြန်မာအလုပ်သမားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
Read More

မန္တလေး-နေပြည်တော်အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဉ် ၁ စီး ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင် ၂၁၄ မိုင် ၆ ဖာလုံမှာ မတ်လ ၁၂ ရက် မနေ့ ညနေပိုင်းက  ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်‌ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်သားအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ၁ ရက်တည်း စစ်ကြောင်း ၂ ကြောင်းခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ မြောင်-မြင်းမ-ချောင်းဦးလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၂ ကြောင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ ထံက သိရပါတယ်။
Read More

မြင်းခြံ-တောင်သာလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ သေကာ လက်နက်တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံ-တောင်သာလမ်းပေါ်မှာ အင်အား ၁၀၀ ခန့်ရှိ ခမရ ၁၅၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ စီးနင်းလာတဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ အယောက် ၂၀ ခန့်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။