တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း၊ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာယာဥ်တန်းကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၇ ရက် ညပိုင်းက တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၅၈ တပ်ရင်းကို တနင်္သာရီမြို့နယ် ပကဖ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ်(၂၀) ခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၈ ရက်မှာလည်း တနင်္သာရီမြို့နယ်၊ မြန်မာအင်းတော်ဘက်ကနေ ကူးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက တမုတ်ချူံးကျေးရွာထဲ ဝင်လာချိန် တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ရာ စစ်သား ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိပြီး တနင်္သာရီမြို့ဘက်ကို ဦးတည်ကာ ဆုတ်ခွာသွားတယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ဆိုပါတယ်။

ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာလည်း မြိတ်မြို့ကနေ သိန်ခွန်းတိုက်ပွဲအတွက် စစ်ကောင်စီတပ်က စစ်ကူအဖြစ် ရိက္ခာကားနဲ့ စစ်ကြောင်းတက်လာရာ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနဲ့ သမုတ်ချူံးရွာကြားမှာ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အပြန်လှန်ပစ်ခတ်မှု (၂၅)မိနစ်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေရဲ့ မိုင်းဆွဲတာနဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်က ပြင်းထန်ဒဏ်ရာရသူ အများပြားရှိတယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရကြောင်း တနင်္သာရီမြို့နယ် ပကဖ က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ ဇုန်(၄)၊ မြိတ်ခရိုင်တပ်ရင်း (၁)နဲ့ မြိတ်ခရိုင်တပ်ရင်း(၂)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက အရပ်သား ၄ ယောက်ကို အကြောင်းမဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ အရပ်ဝတ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ICC ထံ လျှောက်ထားမှုအပေါ် လက်ခံကြိုဆိုကြောင်း နိုင်ငံတကာ အဖွဲ့အစည်းတွေ အသီးသီးထုတ်ပြန်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လျှောက်ထားလိုက်မှုအပေါ် လွတ်လပ်တဲ့ အရပ်ဖက်အဖွဲ့အစည်း အများစုက လက်ခံကြိုဆိုကြောင်း ပူးတွဲကြေညာချက်တွေ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုကို K.N.D.O ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ရာ သေနတ် ၆ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
Read More

မွန်ပြည်နယ် ကျေးရွာအုပ်စု ၁၄၀ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ကြေညာ

မွန်ပြည်နယ်က ကျေးရွာအုပ်စုပေါင်း ၁၄၀ မှာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာပါတယ်။ မွန်ပြည်နယ် (၁၀) မြို့နယ်ထဲက မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်ကလွဲရင် ကျန်တဲ့ ၇ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေ ကျေးရွာအုပ်စု ၁၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Read More

အုတ်ဖိုမြို့နယ်တွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် ၃ ဦး သေဆုံး၊ သားအဖ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ လာရောက်ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) ထံက သိရပါတယ်။