စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဇွန်လ ၂၂ ရက်က ခင်ဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး (၂) ယောက်ဟာ လက်နက်တွေ ယူဆောင်လာပြီး ခင်ဦးမြို့နယ် ပကဖ ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီး ၂ ယောက်ဟာ M2 ကာဘိုင် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကာဘိုင်ကျည် ၁၃၁ တောင့်၊ G3 ကျည် ၅ တောင့်၊ ဖုန်း ၂ လုံး (RedMi10A + RedMi5X) ၊ Power Bank ၁ လုံးနဲ့ FUJlTSU လက်တော့ ၁ လုံးတို့ကို ယူဆောင်ပြီး အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော

တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Read More

ရေစကြိုမှာ အကြမ်းဖက်စစ်တပ်က သက်ကြီးပိုင်းနှင့် ကလေးငယ်များကို လူသားဒိုင်းသဖွယ် အသုံးပြုရင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါဝင် အရပ်သား ၅၀ ကျော်ကို လူသားဒိုင်းလုပ်ဖမ်းဆီးကာ ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြင်းခြံမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ် တိုက်ပွဲဖြစ်ပွား၍ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ တော်လှန်ရေးတပ်နဲ့ စစ်တပ်စစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ (၅) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်‎၏ တနင်္သာရီတိုင်း တိုင်းဗဟိုအမှတ်(၁၂)လေ့ကျင့်ရေးသင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ဦး အလင်းဝင်ဘက်ပြောင်းခိုလှုံ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ‎ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။