စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေကို စစ်အုပ်စုက မီးရှို့တဲ့အပြင် ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့  နှစ်ရက်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ သပြေသာရွာနဲ့ ကျောင်းကုန်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ယောက်ကို ပစ်သတ်ကာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်အုပ်စုဟာ ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေကိုလည်း ခိုးယူနေကြတယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ ဇွန်လ ၂၁ ရက်နေ့က ကန့်ဘလူ ၆၀၀၆ ကနေတဆင့် ချင်မြစ်ကျင်းရွာကို ရောက်ရှိကာ တစ်ညအိပ် စခန်းချပြီး နောက်နေ့မနက်မှာ ဝက်တိုး (တောင်) ရွာမှာ ထပ်မံ ညအိပ်စခန်းချခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၃ ရက် မနက် ၈ နာရီးကျော်လောက်မှာတော့ အဆိုပါ စစ်ကောင်စီတပ်သားတွေက သပြေသာရွာနဲ့ ကျောင်းကုန်းရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့လို ပစ်ခတ်မှုကြောင့် သပြေသာရွာက ဦးမောင်ဆန်း (၄၀) နှစ် ကျည်ထိမှန်သေဆုံးခဲ့ပြီး အဲ့ရွာက ပြည်သူ ၃‌ ယောက်နဲ့ ဖိုလ်ကုန်းရွာက ပြည်သူ ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ စစ်အုပ်စုက ဇွန်လ ၂၃ ရက် ညနေပိုင်းမှာ သပြေသာရွာနဲ့ ကျောင်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သလို ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာလည်း ထပ်မံမီးရှို့ဖျက်ဆီးကာ ပိတ်မိနေတဲ့ ပြည်သူတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။ မိုးရာသီ တောင်ယာလုပ်ချိန် စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူတော်တော်များများလည်း အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

သပြေသာရွာနဲ့ ကျောင်းကုန်းရွာတို့ဟာ အိမ်ခြေများတဲ့ ကျေးရွာကြီးတွေဖြစ်ပြီး စစ်အုပ်စုရဲ့ ၂ ရက်ဆက် မီးရှို့မှုကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ ပျူဘုန်းကြီး ဝါသဝရဲ့ ပျူစောထီးလိုအပ်ချက် မြင့်တက်နေတဲ့အတွက် ကန့်ဘလူမြို့ပေါ်နဲ့ ကျေးရွာတွေမှာ မဖြစ်မနေ အတင်းအဓမ္မ ပေါ်တာဆွဲဖို့ ညွှန်ကြားချက်တွေရှိနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးခံယူချက် မခိုင်မာ၊ စည်းကမ်းမလိုက်နာရင် တောထဲ မလာပါနဲ့ ဆိုတဲ့  Giant Dragon Column

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂)၊ ပဲခူးခရိုင် အမှတ် (၁) တပ်ရင်း Giant Dragon Column က တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်

ကြားကာလ အသွင်ကူး‌ပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း…

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားသစ် ၁ ယောက်ကို ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ ဆင့်ခေါ်မှုအပေါ် ပြည်ပရောက် မြန်မာလုပ်သားတွေ ငြင်းဆို

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းရေးအတွကိ ညွှန်ကြားစာ ထုတ်ပြန်ခြင်းနဲ့ ကတိကဝတ် စာချုပ်လက်မှတ် ရေးထိုးခိုင်းခြင်းတွေ လုပ်ဆောင်နေပေမယ့် ပြည်ပထွက် အလုပ်လုပ်ကိုင်နေသူတွေကတော့ ပြန်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Read More

ကာကွယ်ရေးတပ်သားများ စစ်ဆေးရေးပြုလုပ်နေသည့်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်တပ် အရာရှိတစ်ဦးအပါ ၂ ဦး သေဆုံး

မကွေးတိုင်း နတ်မောက် - ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်‌ဆေးရေးပြုလုပ်နေချိန် ပစ်ခတ်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ် အရာရှိတစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၉)နှစ်အရွယ် ယောကျ်ားလေး (၁) ဦး သေဆုံး၊ (၁၁) နှစ်အရွယ် မိန်းကလေး ၂ ဦး အပါ ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် (၉) နှစ်အရွယ် ယောကျ်ားလေး (၁) ယောက် သေဆုံးပြီး (၁၁) နှစ်အရွယ် မိန်းကလေး (၂) ယောက် အပါအဝင် ပြည်သူ (၅) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ထုတ်ပြန်ပါတယ်။