မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ ပတ်သက်ပြီး အဆိုပါရဲစခန်းက ရဲတပ်ကြပ် ၂ ယောက်ကို ဇွန်လ ၁၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲတပ်ကြပ် ကျော်ဆန်းဌေးကိုနဲ့ မြင့်အောင်တို့ နှစ်ယောက်ကို အချုပ်ခန်းထဲမှာ စစ်ဆေးမေးမြန်းရင်း ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ရဲတပ်ကြပ် ၂ ယောက်လုံး အဲဒီနေ့မှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ဖမ်းခေါ်သွားတာ မဟုတ်ဘူး။ ရဲစခန်းက အချုပ်ခန်းထဲမှာပဲ လုပ်တာ။ အဲဒီ ရဲတပ်ကြပ် ၂ ယောက်က အဓိက တာဝန်အရှိဆုံးလို့ ပြောရမှာပေါ့။ ဒီအချုပ်သားတွေ လွတ်မြောက်မှုမှာ အဲဒီတာဝန်အရှိဆုံး ရဲတပ်ကြပ် ၂ ယောက်ကို အချုပ်ထဲထည့်ပြီး စကစ စစ်သားတွေရောက်လာပြီးမှ အချုပ်ခန်းထဲမှာ ဝင်ရောက်နှိပ်စက်ရင်းနဲ့မှ သေဆုံးသွားတာပေါ့” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပြပါတယ်။

အဆိုပါ ရဲတပ်ကြပ် ၂ ယောက်သေဆုံးမှုနဲ့ ပတ်သက်ပြီး တပ်တွင်းသတင်းရင်းမြစ်တွေဆီက ကြားသိရတာလို့လည်း သူက ဆိုပါတယ်။ နိုင်ကျဥ်းတွေ လွတ်မြောက်သွားတဲ့ညမှာ စစ်ကောင်စီတပ်က လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့် မတွေ့ရှိတာကြောင့် နောက်နေ့မနက်မှာ အဆိုပါ ရဲတပ်ကြပ် ၂ ယောက်ကို ဖမ်းဆီးထားလိုက်တာလို့လည်း သိရပါတယ်။

“ဒီရဲတပ်ကြပ် ၂ ယောက်နေရာမှာ အစားထိုးကျတာတော့ မရှိဘူး။ ရဲအင်အားဆိုတာက ဂရုလည်းမစိုက်ဘူး။ ထည့်လည်းမတွက်ဘူး။ ဒီစစ်ကောင်စီ ဗိုလ်မှူးတွေတောင် အစားမထိုးနိုင်တဲ့ အခြေအနေမျိုးမှာ ဒီရဲတပ်ကြပ်လောက်တော့ အစားထိုးမှာ မဟုတ်ဘူး” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဇွန်လ ၁၇ ရက်နေ့တုန်းက ထီးလင်းမြို့မရဲစခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်‌ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပြီး အဲဒီထဲက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက် လမ်းမှာ မိုင်းထိမှန်သေဆုံးခဲ့ကာ ကျန်တဲ့ ၁၂ ယောက်ကိုတော့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခေါ်ယူကာ ဆေးဝါးကုသမှုတွေ ပေးထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၆) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း (Myingyan Black Tiger-MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု

လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ကြားထဲကနေ ထားဝယ်ခရိုင် လောင်းလုံဒေသမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး နိုဝင်ဘာလ(၁)ရက်နေ့ မနေ့ကနေ့လည်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။
Read More

အရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဝင်ရောက်နှမ်းဖြူးနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြစ်ဆုံဒေသကို သဘာဝနှင့် ယဉ်ကျေးမှုပေါင်းစပ် အမွေအနှစ်အဖြစ် NUG သတ်မှတ်၊ စီမံကိန်းများနှင့် စစ်ရေးအသုံးမပြုရန် တားမြစ်

"မြစ်ဆုံဒေသသည် မေခနှင့်မေလိခ သာစွမြစ်ဆုံဟူ၍ ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်သားများ သာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက် တည်ရှိခဲ့ပါသည်" ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ပြည်သူများ၏ စိတ်အားထက်သန်မှု မရဘဲ ရွေးကောက်ပွဲအတု အပိုင်း (၁) ခြောက်ကပ်ကပ် ပြီးဆုံး

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) ဟာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စည်ကားမှုတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်မှုနဲ့အတူ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
Read More

လုပ်သက် ၇နှစ်ရှိတဲ့ ရဲတပ်သားတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား၁ယောက် လက်နက်ကျည်ဆံတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Earthquake People's Defence Force ထံက သိရပါတယ်။